
ဘားအံ ဇွန် ၄
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန် ၃ ရက် မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖွင့်လှစ်သင်ကြားပေးလျက် ရှိရာ ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ ဇွန် ၄ ရက်တွင် ကရင်ပြည်နယ်အတွင်း တောင်ကလေးဘုန်းတော်ကြီးသင်ပညာရေး ကျောင်းနှင့် အခြေခံပညာကျောင်းများ စုစုပေါင်း ၁၂၃၇ ကျောင်း၌ ကျောင်းသား ကျောင်းသူ ၁၉၁၁၈၀ အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာ သင်ကြားနိုင်ရေးအတွက် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော် သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသအာဏာပိုင်များ၊ ကျောင်း အကျိုးတော်ဆောင်အဖွဲ့နှင့် ဆရာ၊ ဆရာမများက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်ကို မြင်တွေ့ရပြီး ကျောင်းအပ်နှံရသေးခြင်းမရှိသေးသည့် ကျောင်းသား ကျောင်းသူများကို လည်း ကျောင်းအပ်လက်ခံပေးလျက်ရှိကာ ကျောင်းနေအရွယ် ကလေး တိုင်း ကျောင်းအပ်နှံနိုင်ရေး တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။ ပြည်နယ်(ပြန်/ဆက်)