
ဘားအံ ဇွန် ၂၂
ဘားအံမြို့နယ် တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းသည် ဧရိယာအားဖြင့် ၉၂၈ ဒသမ ၉၃ ဧက ကျယ်ဝန်းပြီး မြေကွက်ပေါင်း ၅၄၀၀ ကျော် ဖော်ထုတ်အကောင် အထည်ဖော်ခဲ့ရာ ဌာနဆိုင်ရာရုံး များ၊ ဝန်ထမ်းအိမ်ရာများ၊ စာသင် ကျောင်း၊ ဈေး၊ ပန်းခြံ၊ အဝေးပြေး ယာဉ်ရပ်နားစခန်း၊ အားကစား ကွင်း၊ သုသာန် စသည်ဖြင့် ပါဝင်ပြီး ယခုအခါ လူနေအိမ်ပေါင်း ၃၁၀ ကျော် ဆောက်လုပ်ပြီးစီး နေထိုင်လျက်ရှိကာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ဇွန် ၂၂ ရက် နံနက်ပိုင်းက တောင်ကလေး တိုးချဲ့မြို့ပြ အိမ်ရာစီမံကိန်း၏ ဖွံ့ဖြိုးတိုးတက် မှုအခြေအနေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့အား တောင်ကလေးတိုးချဲ့ မြို့ပြအိမ်ရာစီမံကိန်း ကွပ်ကဲ အုပ်ချုပ်မှု ကော်မတီရုံး(ရှင်းလင်း ဆောင်)၌ ကော်မတီဥက္ကဋ္ဌ ဘားအံခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တောင်ကလေးမြို့ပြ အိမ်ရာစီမံ ကိန်းတွင် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ လမ်းလုပ်ငန်းနှင့် Box Culvert၊ Pipe Culvert များ ထည့်သွင်း တည်ဆောက်မှု အခြေအနေ၊ လျှပ်စစ်မီးလုပ်ငန်း၊ ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်မှုအခြေ အနေများကို ရှင်းလင်းတင်ပြကြ ရာ ပြည်နယ်ဝန်ကြီးချုပ်က လူနေ အိမ်များသို့ ရေပေးဝေနိုင်ရေး စည်ပင် သာယာရေးအဖွဲ့မှ ကွင်းဆင်းတွက်ချက်၍ ပြန်လည် တင်ပြရန်၊ လမ်းဘေးဝဲယာသစ်ပင် များ စိုက်ပျိုးနိုင်ရန်၊ ရဲကင်းစခန်း မြေနေရာထားရှိရန် မှာကြား၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေး သည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ပြည်နယ် အတွင်း လူငယ်၊ လူရွယ်များက နည်းပညာနှင့် သက်မွေးပညာရပ် များကို မိမိဒေသအတွင်း၌ ပင် လေ့လာသင်ကြားခွင့်ရရှိပြီး အသက်မွေးဝမ်းကျောင်း ပြုနိုင် သည်အထိ လေ့ကျင့်သင်ကြား ပေးနိုင်ရန်နှင့် နိုင်ငံတော်အတွက် နည်းပညာရှင်၊ အတတ်ပညာရှင် လူ့စွမ်းအား အရင်းအမြစ် များ မွေးထုတ်ပေးနိုင်ရန်အတွက် တောင်ကလေး တိုးချဲ့မြို့ပြ အိမ်ရာစီမံကိန်း ဧရိယာအတွင်း ပါဝင်သော အစိုးရစက်မှုလက်မှု သိပ္ပံ (ဘားအံ) ကျောင်းသစ်ဖွင့်လှစ် နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး ပြီး တာဝန်ရှိသူများက လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထောက်ပံ့ပေးအပ်
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၏ ခရီးစဉ်ဒေသ တစ်ခုဖြစ်သော တောင်ဝိုင်းတောင်ခြေရှိ ထူးဂုဏ် စံပြကျေးရွာတွင် စာအုပ်ပေါင်း ၃၀၀၀ ကျော်ခန့်ရှိသော ထူးမြတ် သစ္စာ ကိုယ်ထူကိုယ်ထစာကြည့် တိုက် ရှင်သန်ဖွံ့ဖြိုးရေးအတွက် သွားရောက်ကြည့်ရှု အားပေးပြီး ထူးမြတ်သစ္စာ စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးရေး ငွေကျပ် သုံးသိန်း နှင့် စာအုပ်၊ စာစောင်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။စောမျိုးမင်းသိန်း(ပြန်/ဆက်)