ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ သွားရောက်တွေ့ဆုံ

 

 

 

 

 

နေပြည်တော် သြဂုတ် ၂၀

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင် ထွေးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် နှင့် ဦးကျော်စိုးတို့သည် ယနေ့နံနက် ပိုင်းတွင် သွားရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကရင်ပြည်နယ်မှ ကော်မရှင်သို့ ပေးပို့တိုင်ကြားလာ သော တိုင်တန်းချက်ပါ အခြေအနေ များ၊ ကော်မရှင်မှ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ ရဲစခန်း၊ တရားရုံးနှင့် ဆေးရုံအချုပ်ခန်းတို့ကို ကြည့်ရှု စစ်ဆေးမှုများ၊ လူ့အခွင့်အရေး ဖောက်ဖျက်မှုဖြစ်ပွားသည့် နေရာ များသို့ ကွင်းဆင်းစုံစမ်းစစ်ဆေးမှု၊ လူ့အခွင့်အရေးနှင့် စပ်လျဉ်း၍ ကော်မရှင်၏ ဆောင်ရွက်နေမှုများကို ဆွေးနွေးပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥပဒေ၊ ကမ္ဘာ့လူ့အခွင့် အရေးကြေညာ စာတမ်း (UDHR)၊ ပြည်သူ့ရေးရာ နှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည် ဆိုင်ရာ သဘောတူစာချုပ် (ICCPR) စာအုပ်များနှင့် ကော်မရှင် လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ ကြောင်း သိရသည်။

 

သတင်းစဉ်