
ဘားအံ ဇူလိုင် ၁၈
ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာန ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ် နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၇ ရက်က ဘားအံမြို့ လှာကမြင်ကွက်သစ် ဇွဲကပင် အား ကစားကွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာ အမျိုးသမီးဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အားကစားနှင့်ကာယပညာ ဦးစီး ဌာန အသင်းနှင့် ပညာရေးအသင်း၊ အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ပြည်နယ်ဦးစီးမှူးရုံး အသင်းနှင့် မီးသတ်ဦးစီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြပြီး အဆိုပါ ဗိုလ်လုပွဲစဉ် အမျိုးသမီးပြိုင်ပွဲတွင် အားကစားနှင့်ကာယပညာ ဦးစီး ဌာနအသင်းက သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ အမျိုးသားပြိုင်ပွဲ တွင် မီးသတ်ဦးစီးဌာနအသင်းက သုံးပွဲပြတ်ဖြင့် လည်းကောင်း အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲစဉ် အပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် အနိုင်ရ ဗိုလ်စွဲသွားသော အားကစားနှင့်ကာယပညာဦးစီးဌာနအမျိုးသမီးအသင်းအား ပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့နာယက က တစ်ဦး ချင်း လည်ဆွဲဆု၊ ငွေသားဆု ၁၀ သိန်းနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် အမျိုးသားဘော်လီ ဘောပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသွား သော မီးသတ်ဦးစီးဌာန အမျိုးသား အသင်းအား ပြည်နယ်ဝန်ကြီးချုပ် က တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသား ဆု ၁၀ သိန်း နှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။
ကရင်ပြည်နယ်အတွင်း ငါး စားသုံးမှုဖူလုံပိုလျှံရေး၊ ငါးသယံ ဇာတများ ရေရှည်တည်တံ့ရေး၊ ကျေးလက်နေ ပြည်သူများ ငါးရိက္ခာကို ပိုမိုစားသုံးနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေနိုင်ရေးတို့ကို ရည်ရွယ်၍ သဘာဝ မြစ်ချောင်းအင်းအိုင် ဆည်တမံများအတွင်း ငါးမျိုးများ စိုက်ထည့်လျက်ရှိရာ ဇူလိုင် ၁၈ ရက် နံနက် ၈ နာရီက ဘားအံ မြို့နယ် လှိုင်ကမ္ဘာကျေးရွာအုပ်စု ရှိ ဒုံရင်း သဘာဝစမ်းရေတံခွန် အတွင်း ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်၍ ငါးသားပေါက် ကောင်ရေတစ်သိန်း ကို စိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)