ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် စတီဖင် ဒူဂျာရစ် ကိုဗစ်-၁၉ ကူးစက်ခံထားရ

 

ဂျီနီဗာ   ဒီဇင်ဘာ  ၁၆ 


ကုလသမဂ္ဂ   အတွင်းရေးမှူးချုပ် အန်တိုနီယို       ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်  စတီဖင် ဒူဂျာရစ်သည် ဒီဇင်ဘာ ၁၅ ရက် က  ကိုဗစ်-၁၉  ကူးစက်ခံထားရ ကြောင်း    အတည်ပြုခဲ့သည်။ ၎င်းသည်   သီးသန့်ခွဲခြားနေထိုင် ခြင်းအားဖြင့်   ဆေးဘက်ဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း အတိ အကျ      လိုက်နာနေထိုင်မည် ဖြစ်သည်။  

 


အလုပ်အတွက်      နေ့စဉ် ကိုဗစ်-၁၉ စစ်ဆေးမှုပြုလုပ်ခဲ့ရာ ကိုဗစ်-၁၉    ကူးစက်ခံထားရ ကြောင်း   စစ်ဆေးတွေ့ရှိခဲ့သဖြင့် ကုလသမဂ္ဂ  ဆေးဘက်ဆိုင်ရာ အဖွဲ့နှင့်     အနီးကပ်ဆက်သွယ် လျက်ရှိပြီး   ဆေးဘက်ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ သီးခြား ကန့်သတ်စောင့်ကြည့်မှု ပြုလုပ် လျက်ရှိကြောင်း    ကုလသမဂ္ဂ သတင်းထောက်များကို ဒူဂျာရစ် က   အီးမေးလ်ဖြင့်   ပြောကြား ခဲ့သည်။

 


ဒူဂျာရစ်က သူသည် ကိုဗစ်-၁၉   ကာကွယ်ဆေး   အပြည့်အဝ ထိုးထားရုံတင်မက    အပိုဆောင်း ကိုဗစ်-၁၉      ကာကွယ်ဆေးပါ ထိုးထားကြောင်း၊   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု သိပ်မပြင်းထန် သောကြောင့် အိမ်မှအလုပ်လုပ်ရန် စီစဉ်ထားကြောင်း     ပြောကြား လိုက်သည်။ 

 


ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အပေါ်  သတိမပြတ်   ထားနေ သည့်အတွက်    ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ရုံးအဖွဲ့သည် ယခုသီတင်း ပတ်ကုန်အထိ   ဗာကျူရယ်နည်း ဖြင့်            အလုပ်လုပ်သွားမည် ဖြစ်သည်။ 

 


ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်သည် ယနေ့အထိ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားခြင်း     မရှိသေး ကြောင်း         ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က     ပြောကြားလိုက် သည်။ 

ဆင်ဟွာ