
ဂျနီဗာ နိုဝင်ဘာ ၈
အာဖဂန်နစ္စတန်တွင် ခက်ခဲ ကြမ်းတမ်းသည့် ဆောင်းရာသီ မတိုင်မီ တိုင်းပြည်အတွင်း ရွှေ့ပြောင်း နေထိုင်သူများကို အကူအညီ ဖြစ်စေရန်အတွက် လေကြောင်းမှ အကူအညီများ ပေးပို့နိုင်ရေး ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ အေဂျင်စီ (UNHCR)က လုပ်ဆောင်လျက် ရှိသည်။
ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာအေဂျင်စီမှ စင်းလုံးငှား လေယာဉ်များသည် အာဖဂန်နစ္စ တန်နိုင်ငံမြို့တော် ကဘူးလ်ရှိ လေဆိပ်အခြေအနေ တိုးတက်ရေး အတွက် တန်ချိန် ၁၀၀ ဝန်းကျင်ရှိ သည့် အခင်းများ အကန့်များကို သယ်ဆောင်ခဲ့ကြသည်။ ယခုနှစ် အတွက် ရွှေ့ပြောင်းနေထိုင်သူ အာဖဂန် အရေအတွက်မှာ ၇၀၀၀၀၀ ခန့်ရှိသည်ဟု ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောသည်။ ၎င်းတို့မှာ တာလီဘန်များကို ကြောက်ရွံ့မှု နှင့် အခြားသော အကြောင်းပြချက် များကြောင့် နေရပ်စွန့်ခွာ ရွှေ့ ပြောင်းလာကြသူများ ဖြစ်သည်။
အာဖဂန်အစိုးရပိုင် ပြည်ပရှိ ပိုင်ဆိုင်မှုများမှာ ထိန်းသိမ်းခံရပြီး နောက် နိုင်ငံအတွင်း စီးပွားရေး အခြေအနေမှာလည်း ဆိုးဆိုး ရွားရွား ပျက်စီးလျက်ရှိသည်။ အစားအစာ ပြတ်တောက်ခြင်း အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များ လိုအပ်နေသည်။ အာဖဂန် အများစုမှာ ခက်ခဲသည့် အခြေ အနေများနှင့် ရင်ဆိုင်နေရ ကြောင်း၊ အချို့သော မိဘများမှာ သားသမီးများကို ရောင်းချနေရ သည့် အခြေအနေအထိ ဖြစ်နေ ကြောင်း ကဘူးလ်မြို့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီရုံး မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မိုရီ ယာမာတာကီရှီက ပြောသည်။
လာမည့် ဆောင်းတွင်းကာလ တွင် အာဖဂန်နစ္စတန်နိုင်ငံတွင် ဆိုးရွားသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များ လိုအပ်လာမည်ဟုလည်း ၎င်းက ဆက်ပြောသည်။
အင်န်အိတ်ချ်ကေ