ကူမင်း ဇူလိုင် ၂၃ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ ဦးဆောင် သည့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ယမန်နေ့ ညနေပိုင်

ကူမင်း   ဇူလိုင်   ၂၃
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ ဦးဆောင် သည့်    စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး    ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးထွန်းအုံ နှင့်   မြန်မာကိုယ်စားလှယ်အဖွဲ့ သည်   ယမန်နေ့   ညနေပိုင်းက ယူနန်ပြည်နယ်     ကူမင်းမြို့ရှိ Intercontinental Hotel ၌ တရုတ် ကွန်မြူနစ်ပါတီ   ယူနန်ပြည်နယ် ကော်မတီ ဒုတိယအတွင်းရေးမှူး နှင့် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဝမ်ယွိပေါ်က တည်ခင်း ဧည့်ခံသည့် (၈)  ကြိမ်မြောက် တရုတ် - တောင်အာရှ ကုန်စည်ပြပွဲ နှင့် (၂၈)  ကြိမ်မြောက်   တရုတ် (ကူမင်း)   ပို့ကုန်/သွင်းကုန်ပြပွဲ အကြိုညစာစားပွဲသို့ တက်ရောက် ကြသည်။
အဆိုပါ       ညစာစားပွဲသို့ တောင်အာရှနိုင်ငံများမှ ကိုယ်စား လှယ်အဖွဲ့များလည်း တက်ရောက် ကြသည်။
ညစာစားပွဲအပြီးတွင် ဒုတိယ ဝန်ကြီးချုပ်နှင့်    နိုင်ငံခြားရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ    နိုင်ငံတကာ ဆက်ဆံရေးဌာန   ဒုတိယဝန်ကြီး မစ္စစ် စွန်းဟိုင်ယန်နှင့်   အဖွဲ့အား လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်   မြန်မာ−တရုတ် နှစ်နိုင်ငံအကြား     တည်ရှိပြီး ချစ်ကြည်ရင်းနှီးမှုနှင့်   ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက် ခိုင်မာရေးအပါအဝင် မြန်မာနိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်ရေး  ကြိုးပမ်း အားထုတ်မှုများတွင် တရုတ်နိုင်ငံ မှ အပြုသဘော ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ      တစ်လျှောက် တည်ငြိမ်အေးချမ်းမှုမြှင့်တင်ရေး၊ အထူးသဖြင့်  နယ်စပ်ဒေသများ တွင် တရားမဝင်  မူးယစ်ဆေးဝါး နှင့်       လက်နက်ရောင်းဝယ် ဖောက်ကားမှုနှင့်     အွန်လိုင်းမှ တစ်ဆင့်     ငွေကြေးလိမ်လည်မှု ကိစ္စရပ်များ တိုက်ဖျက်ရေးတို့တွင် တရုတ်နိုင်ငံက  မြန်မာနိုင်ငံနှင့် အတူ ပိုမိုပူးပေါင်းဆောင်ရွက်သွား ရေး   စသည့်ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင် ချင်းဖလှယ်ခဲ့ကြသည်။
လေ့လာကြည့်ရှု
ထို့ပြင်   နံနက်ပိုင်းကလည်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ကူမင်း မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး သို့ သွားရောက်ပြီး ကောင်စစ်ဝန် ချုပ်ရုံး  ဝန်ထမ်းများ၊   ၎င်းတို့၏ မိသားစုဝင်များနှင့် ​တွေ့ဆုံသည်။
မွန်းလွဲပိုင်းတွင်     ဒုတိယ ဝန်ကြီးချုပ်နှင့်   နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည်   Agricultural Reclamation Group ၏ ယူနန် နုန်ခမ်း       ကော်ဖီကုမ္ပဏီသို့ သွားရောက်ပြီး ယူနန်ပြည်နယ်၏ ပြည်တွင်း  ကော်ဖီထုတ်လုပ်မှု ကဏ္ဍဆိုင်ရာ     ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့် ကော်ဖီအမျိုး အစားများကို လေ့လာကြည့်ရှုခဲ့ ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်