ကယားပြည်နယ် ဟွေပုံလောင်း-ကောက်ကောက်ဒေသရှိ အကြမ်းဖက်အဖွဲ့များ သာလွန်အင်အားဖြင့် အလစ်အငိုက်ရယူ တိုက်ခိုက်ခဲ့သည့် ကျားပါးစပ်ကြီးစခန်းအား တပ်မတော်က အချိန်ပိုင်းအတွင်း ပြန်လည်တိုက်ခိုက်သိမ်းပိုက်

 

နေပြည်တော်  ဇန်နဝါရီ    ၇


ကယားပြည်နယ် ဟွေပုံလောင်း-ကောက်ကောက်  ဒေသအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေ သည့် တပ်မတော်၏ ကျားပါးစပ် ကြီး စခန်းအား ယနေ့နံနက်အစော ပိုင်းတွင်   KNPP  အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက အလစ်အငိုက်ရယူ၍      သာလွန် အင်အားဖြင့် ဝင်ရောက်တိုက်ခိုက် ခဲ့သဖြင့် စစ်နည်းဗျူဟာမြောက်ခေတ္တဆုတ်ခွာပေးခဲ့ပြီး  မွန်းလွဲ ပိုင်းတွင် တပ်မတော်က ပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

 


ဖြစ်စဉ်မှာ  ကယားပြည်နယ် အတွင်း တပ်မတော်က   နယ်မြေ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် နေသည့်   ကျားပါးစပ်ကြီးစခန်း အား ယနေ့နံနက်အစောပိုင်းတွင် KNPP အဖွဲ့နှင့်  PDF  အမည်ခံ အကြမ်းဖက်အဖွဲ့များက   လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၏      အလစ် အငိုက်ရယူပြီး  သာလွန်အင်အား အသုံးပြု၍         လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်    စတင် တိုက်ခိုက်လာခဲ့ရာ    လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်နည်းဗျူဟာ အရ စခန်းမှ ခေတ္တဆုတ်ခွာခဲ့ပြီး ကြိုတင်စီမံထားသည့် လေကြောင်း ပစ်ကူ၊  လက်နက်ကြီးပစ်ကူများ ရယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဟန်ချက်ညီညီ တန်ပြန်တိုက်စစ် ဆင်      ချေမှုန်းခဲ့သည့်အပြင် လေကြောင်းပို့ဆောင်မှုဖြင့် တပ်ကူ များ ဖြစ်စဉ်နေရာအနီးတစ်ဝိုက် အမြန်ဆုံးဖြည့်တင်းခြင်း ဆောင် ရွက်ခဲ့သဖြင့်    မွန်းလွဲပိုင်းတွင် အဆိုပါစခန်းအား       ပြန်လည် သိမ်းပိုက်ရရှိခဲ့ပြီး     အကြမ်းဖက် အဖွဲ့များ     အရှေ့မြောက်ဘက်သို့ သေဆုံး၊  ဒဏ်ရာရရှိမှုများစွာဖြင့် ဖရိုဖရဲ ဆုတ်ခွာသွားခဲ့သည်။

 


ဖြစ်စဉ်တွင်  မိမိတပ်မတော် အရာရှိ၊ စစ်သည်အချို့  ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်အဖွဲ့ များထံမှ အလောင်းနှင့်လက်နက်/ ခဲယမ်းအချို့အပါအဝင်  ဆက်စပ် ပစ္စည်းတို့အား   သိမ်းဆည်းရရှိခဲ့ သည်။

 


တပ်မတော်အနေဖြင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့်  ထာဝရ ငြိမ်းချမ်းရေးအတွက်  ထုတ်ပြန် ချက်အား ၂၀၂၂ ခုနှစ် ဖော်ဖော်ဝါရီ ၂၈ ရက်နေ့အထိ    ထုတ်ပြန် ကြေညာချက်အပေါ်   တိကျစွာ လိုက်နာဆောင်ရွက်သော်လည်း ယခုကဲ့သို့ မိမိတပ်မတော် လှုပ်ရှား စစ်ကြောင်းများ နယ်မြေလုံခြုံရေး နှင့် နယ်မြေစိုးမိုးရေးစခန်းများ အား   လာရောက်တိုက်ခိုက်ပါမူ ထိရောက်ပြင်းထန်စွာ မိမိကိုယ် မိမိ ခုခံကာကွယ်ပိုင်ခွင့်အသုံးပြုလျက်   တုံ့ပြန်ရန် အခွင့်အရေး ရှိကြောင်းနှင့်       နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့်         လုံခြုံရေး အတွက် လိုအပ်သော  လုံခြုံရေး လုပ်ငန်းများကို   နေ့ညမပြတ် ဆောင်ရွက်လျက်ရှိရာ  အကြမ်း ဖက်အဖွဲ့များအနေဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏   အလစ်အငိုက် ရယူ၍      နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက် ခြင်းများအပြင်   အများပြည်သူ သွားလာလျက်ရှိသည့်  နယ်စပ် လမ်းတစ်လျှောက်         အဖျက် အမှောင့်လုပ်ရပ်များကိုပါ    လုပ် ဆောင်လျက်ရှိသဖြင့်   လုံခြုံရေး တပ်ဖွဲ့ဝင်များက ROE  စည်းမျဉ်း စည်းကမ်းနှင့်အညီ နယ်မြေဒေသ လုံခြုံရေးလုပ်ငန်းများ    တိုးမြှင့် ဆောင်ရွက်လျက်        ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်