ကယားပြည်နယ် လွိုင်ကော်မြို့အနီး KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုများ ထပ်မံကျူးလွန်

 

နေပြည်တော်  ဇန်နဝါရီ    ၂၂


ကယားပြည်နယ် လွိုင်ကော်မြို့ တောင်ဘက်ရှိ စံပြ(၆)မိုင်ကျေးရွာ အတွင်း  KNPP  အဖွဲ့နှင့်  PDF အမည်ခံ    အကြမ်းဖက်အဖွဲ့များ ခိုအောင်းရောက်ရှိ၍ အကြမ်းဖက် လုပ်ငန်းများ  လုပ်ဆောင်နေမှုကို ဇန်နဝါရီ  ၂၁ရက်   ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့်    ဖော်ထုတ်ချေမှုန်းရေး လုပ်ငန်းများ    ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်   သမားများသည် ဒေသအခေါ်  ဂေါ်ရခါးကျေးရွာ ဘက်သို့ ဆုတ်ခွာထွက်ပြေးသွား ခဲ့သည်။ 

 


ပစ်ခတ်တိုက်ခိုက်


ထို့အပြင်    ဟိုဖိတ်ကျေးရွာ အတွင်း ခိုအောင်းရောက်ရှိလျက် ရှိသည့် အကြမ်းဖက်အဖွဲ့များက မော်တော်ယာဉ်များ    အသုံးပြု၍ ဒေသအခေါ် ဂေါ်ရခါးကျေးရွာသို့ ထပ်မံအင်အား    ဖြည့်တင်းနိုင် ရေး        လုပ်ဆောင်လာခဲ့သည့် အတွက်  လုံခြုံရေးတပ်ဖွဲ့ဝင်များ က လက်နက်ကြီးနှင့် လေကြောင်း ပစ်ကူများ  အသုံးပြု၍  ပိုင်းဖြတ် ပစ်ခတ်     တိုက်ခိုက်ခဲ့ကြောင်းကို သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 


ထိန်းချုပ်စစ်ဆင်


လုံခြုံရေး       တပ်ဖွဲ့ဝင်များ အနေဖြင့် ဒေသအတွင်း  တည်ငြိမ် အေးချမ်းမှုနှင့်      ပြည်သူလူထု ၏   အသက်အိုးအိမ်စည်းစိမ်ကို ပြည့်ဝစွာ ကာကွယ်စောင့်ရှောက် မှုပေးနိုင်ရေးအတွက်         လိုအပ် သည့်   လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်      ဒေသ အခေါ်  ဂေါ်ရခါးကျေးရွာအတွင်း ခိုအောင်း  ရောက်ရှိလျက်ရှိသည့်   အကြမ်းဖက်အဖွဲ့များကို ဒေသခံ ပြည်သူလူထု၏ အိုးအိမ်အဆောက် အဦများ၊ အစိုးရရုံး အဆောက်အဦ များ  အတတ်နိုင်ဆုံး   ထိခိုက်မှု မရှိစေရေးအတွက်        ပစ်ခတ်မှုကို  ထိန်းချုပ်         စစ်ဆင်မှုကြောင့်  အကြမ်းဖက်သမားများသည် မွန်းလွဲပိုင်းတွင်      ကျေးရွာ၏ အနောက်မြောက်ဘက်ရှိ ဟိုဖိတ် ကျေးရွာဘက်သို့   ထပ်မံဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆုတ်ခွာ ထွက်ပြေးသွားသော အကြမ်းဖက် အဖွဲ့များ၏ နောက်သို့ ထက်ကြပ် လိုက်လံချေမှုန်း   တိုက်ခိုက်ခဲ့ရာ ဟိုဖိတ်ကျေးရွာအတွင်း အကြမ်း ဖက်သမားများ       ခိုအောင်းနိုင်မှု မရှိသည်အထိ     ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

 


ပစ်ကျင်းများ ပြုလုပ်ပစ်ခတ်


အကြမ်းဖက်     အဖွဲ့များကို လိုက်လံတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ် များအတွင်း    အကြမ်းဖက်သမား များအနေဖြင့်      ကျေးရွာများ အတွင်းရှိ  လူနေအဆောက်အအုံ များ၊ အစိုးရအဆောက်အအုံများ နှင့် ဘာသာရေးဆိုင်ရာအဆောက် အအုံများ၌ ပစ်ကျင်း၊ ပစ်ကတုတ် အကာအကွယ်  ပြုလုပ်၍  လည်း ကောင်း၊     လူနေရပ်ကွက်များ အတွင်း   ဆက်သွယ်ရေးမြောင်း များ၊     သဲအိတ်ဘန်ကာများ၊ ကွန်ကရစ်ဘန်ကာများ၊ ပစ်ကျင်း များ  ပြုလုပ်၍    လည်းကောင်း လုံခြုံရေး         တပ်ဖွဲ့ဝင်များကို ပြန်လည်ပစ်ခတ်    တိုက်ခိုက်ခဲ့ ကြောင်း တွေ့ရှိရသည်။

 


မျက်လုံးများထိုးဖောက်ထား


ထို့အပြင်   ဟိုဖိတ်ကျေးရွာ အတွင်း      လုံခြုံရေးတပ်ဖွဲ့ဝင် များ   ရောက်ရှိစဉ်   အကြမ်းဖက် သမားများ၏       လူသားတံတိုင်း အဖြစ်   အသုံးပြုခြင်းခံခဲ့ရသည့် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှ ဦးစိုးထွေး    အသက်(၅၀)နှင့် အမည် (စိစစ်ဆဲ)  အသက်(၄၀)ခန့်အရွယ်ရှိ အမျိုးသမီး တစ်ဦးတို့ ကို ထိပ်တုံးခတ်လျက် တွေ့ရှိခဲ့ရ သည်။     ယင်းတို့အနက်    အမည် (စိစစ်ဆဲ) အသက်(၄၀)ခန့် အရွယ် ရှိ အမျိုးသမီးမှာ  မျက်လုံးများထိုးဖောက်ထားရှိသည့်   ဒဏ်ရာဖြင့် သေဆုံးလျက်ရှိပြီး ဦးစိုးထွေးမှာ ထိုးကြိတ်၊   ရိုက်နှက်ထားသည့် စိုးရိမ်ရဒဏ်ရာများဖြင့် တွေ့ရှိရ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး  နယ်မြေခံ တပ်မတော်ဆေးရုံသို့ ဆက်လက် ပို့ဆောင်ပေးခဲ့သည်။      


 စိစစ်ဖော်ထုတ်ချက်  အရ ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက် သည့်    ကယားပြည်နယ်နေ့၌ လွိုင်ကော်မြို့ကို    နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ရန်  အစီအစဉ်ချ ဆောင်ရွက်ခဲ့သည့် အကြမ်းဖက် သောင်းကျန်းသူများနှင့် လုံခြုံရေး စစ်ကြောင်းများသည် ဇန်နဝါရီ ၁၇  ရက်         မွန်းလွဲပိုင်းတွင် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်၌ ထိတွေ့မှု       ဖြစ်ပွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်၌ မိုင်းလုံးရပ်ကွက်နေ ဦးစိုးထွေးကို  အကြမ်းဖက်အဖွဲ့ များက    ဒလန်အဖြစ်     စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး    နေ့စဉ်ညှဉ်းပန်း နှိပ်စက်ခြင်းများကို လုပ်ဆောင်ခဲ့ ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာစဉ်တွင် အကြမ်းဖက် သမားများက ဖမ်းဆီးထားသူများ ကို   လက်နက်ငယ်ဖြင့်    ပစ်ခတ် ၍    ဆုတ်ခွာထွက်ပြေးသွားခြင်း ဖြစ်ကြောင်း၊    ၎င်းတို့နှင့်အတူ အကြမ်းဖက်အဖွဲ့က    မတရား ဖမ်းဆီးထားသည့် ပြည်သူ ၅ ဦး ရှိပြီး ၃ ဦးကိုမူ ဇန်နဝါရီ ၂၁ ရက် က နေရာပြောင်းရွှေ့ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

 


လူသားတံတိုင်းထားရှိ


ဖြစ်စဉ်၌      အကြမ်းဖက် သောင်းကျန်းသူများ     ဘက်မှ KNPP        ယူနီဖောင်းဝတ်နှင့် အရပ်ဝတ်    အလောင်းအချို့နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့သည်။ KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ အဆိုပါလုပ်ရပ်များသည် စစ်ရေး နှင့်    သက်ဆိုင်သော   ပစ်မှတ် များ   မဟုတ်ဘဲ   ဘာသာရေးနှင့် သက်ဆိုင်သည့် အဆောက်အအုံ၊ ပညာရေးဆိုင်ရာအဆောက်အအုံ၊ အုပ်ချုပ်မှုဆိုင်ရာ     အဆောက် အအုံများကို    အကာအကွယ်ယူ တိုက်ခိုက်ခြင်း၊   လူနေရပ်ကွက် အဆောက်အအုံများမှ     ဒေသခံ ပြည်သူများကို  မောင်းထုတ်ခြင်း၊ အချို့နေရာများ၌ လူသားတံတိုင်း သဖွယ်ထားရှိပြီးနောက် ပစ်ကျင်း များ၊ ပစ်ကတုတ်များတူး၍ အကာ အကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ 

 


တိုက်ပွဲတွင် ဒေသခံပြည်သူ များကို   အသက်အန္တရာယ်ဇုန်မှ ကင်းလွတ်အောင်     ထွက်ခွာ ခွင့်ပြုရမည့်အစား လူသားတံတိုင်း အဖြစ်      အသုံးချခဲ့ခြင်းတို့ကို  လုပ်ဆောင်၍ ရည်ရွယ်ချက်ရှိစွာ ဖြင့်     တိုက်ခိုက်ခြင်းဖြစ်သော ကြောင့် ဂျီနီဗာကွန်ဗန်းရှင်းများ နှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့ အရ စစ်ရာဇဝတ်မှု (War Crime)ကို ဆက်လက်ကျူးလွန်လျက်ရှိ ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့်      ပြည်သူလူထု ထိခိုက်နစ်နာမှု    မရှိစေရေးနှင့် နယ်မြေ တည်ငြိမ်အေးချမ်းစေရေး အတွက်   အကြမ်းဖက်အဖွဲ့များ ကို ဆက်လက်ချေမှုန်းတိုက်ခိုက် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။                   
   

သတင်းစဉ်