ကယားပြည်နယ် လွိုင်ကော်မြို့ရှိ မီးရထားဘူတာရုံ၌ တပ်ဆင်ထားသည့် မှန်များကို ရိုက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများကို ဖမ်းဆီးအရေးယူ

 

နေပြည်တော်   မေ   ၂၈


ကယားပြည်နယ် လွိုင်ကော်မြို့ရှိ မီးရထားဘူတာရုံ၌ တပ်ဆင်ထား သည့်မှန်များ    ရိုက်ခွဲဖျက်ဆီးခဲ့ သည့်   အကြမ်းဖက်သမားများ ကို    လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။ 

 


ဖြစ်စဉ်မှာ မေ ၂၇ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်တွင် လွိုင်ကော် မြို့ လောဓမ္မရပ်ကွက်ရှိ မီးရထား ဘူတာရုံအတွင်းသို့  အကြမ်းဖက် သမား ၂၀  ခန့်   ဝင်ရောက်လာပြီး ဘူတာရုံတွင် တပ်ဆင်ထားသည့် မှန်များကို       ရိုက်ခွဲဖျက်ဆီးနေ ကြောင်း သတင်းအရ   လုံခြုံရေး တပ်ဖွဲ့ဝင်များက       သွားရောက် စစ်ဆေးတားမြစ်ခဲ့ရာ    အဆိုပါ အကြမ်းဖက်သမားများက လုံခြုံ ရေး တပ်ဖွဲ့ဝင်များကို    တုတ်၊ ဓားများဖြင့်   ပြန်လည်ရန်ပြုခဲ့ သဖြင့်       ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့သည်။

 


အကြမ်းဖက်သမားများအနက် လွိုင်ကော်မြို့   ကြည်သာယာ ရပ်ကွက်နေ ငယ်လေး(ခ) နှာခေါင်း ကြီး (၃၉)နှစ် (ဘ)ဦးစိန်မြင့်သည် ကျည်ထိမှန်   ဒဏ်ရာတစ်ချက် ဖြင့် သေဆုံးခဲ့ပြီး   နမ့်ဘော်ဝမ် (က) ရပ်ကွက်နေသူများဖြစ်သည့် နိုင်ဝင်းလှိုင်(၁၉)နှစ် (ဘ)ဦးကြည် လှိုင်၊  စိုးထက်လင်း(၂၁)နှစ် (ဘ) ဦးမင်းခန့်ကျော်၊ ကိုဇော်(၁၅)နှစ် (ဘ)ဦးဝင်းတင့်၊  ထက်လင်းအောင် (၁၆)နှစ် (ဘ)ဦးနိုင်လင်းအောင်၊ ဇင်ဖြိုး(ခ)  ဇင်ဘိုဟိန်း(၁၄)နှစ် (ဘ)ဦးထွန်းလှမိုးနှင့်   နေလင်း ထွန်း (၁၅)နှစ် (ဘ)ဦးကျော်လွင် တို့ ခြောက်ဦးကို   ဓား  နှစ်လက်၊ တုတ် နှစ်ချောင်း၊  အလံနီ နှစ်ခု၊ ဆိုင်ကယ် သုံးစီး၊ စက်ဘီး တစ်စီး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 


အထက်ပါ မီးရထားဘူတာရုံ ဖျက်ဆီးမှုမှ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်   ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ဖြစ်စဉ်တွင် သေဆုံးခဲ့ သည့် ငယ်လေး(ခ) နှာခေါင်းကြီး သေဆုံးမှုနှင့်           ပတ်သက်၍ ရဲလုပ်ငန်းများနှင့်အညီ   သေမှု သေခင်းရေးဖွင့်  စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း  သတင်းရရှိ သည်။ 


သတင်းစဉ်