ကယားပြည်နယ် ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး

 

လွိုင်ကော်      ဩဂုတ်   ၁၀
ကယားပြည်နယ်ဝန်ကြီးချုပ်   ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အတူ    ယနေ့နံနက်ပိုင်းက သီရိမင်္ဂလာဈေးအသစ်  တည်ဆောက်ရေးလုပ်ငန်းများ၊ ပြည်နယ်ကျောင်းထိုင်  ဘုန်းကြီးသင်တန်း ကျောင်းသာသနိက အဆောက် အဦပြုပြင်နေမှုများ၊ ရွှေတောင်ပရိယတ္တိစာသင်တိုက် နှင့်    အမှတ်(၇) အခြေခံပညာ   အထက်တန်း ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် နေမှုများ၊    လွိုင်ကော်-လောပိတ   လမ်းမကြီး တစ်လျှောက် လမ်းဘေးဝဲယာ သန့်ရှင်းရေးဆောင် ရွက်ထားရှိမှုများနှင့်    ၂၀၂၄-၂၀၂၅  ဘဏ္ဍာနှစ်    ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသည့်   ရေနီကန်ကျေးရွာနှင့်   သတ္တပလူကျေးရွာ ချင်းဆက်လမ်း ကျောက်ချောလမ်းတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သီရိမင်္ဂလာဈေး    ဈေးအသစ်တည်ဆောက်ရေး လုပ်ငန်းခွင်သို့   သွားရောက်အုတ်မြစ်ချလုပ်ငန်း၊ သံထည်လုပ်ငန်းနှင့်  တိုင်ထူပြီး  ဒိုင်း၊  မြားတပ်ဆင် ခြင်းလုပ်ငန်းများ   ဆောင်ရွက်နေမှုတို့ကို  ကြည့်ရှု စစ်ဆေးခဲ့ပြီး   သတ်မှတ်ကာလအတွင်း   အချိန်မီ ပြီးစီးနိုင်ရေး   တာဝန်ရှိသူများကို  မှာကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းသို့ သွားရောက်၍ အကြမ်းဖက်သောင်းကျန်းသူများ ၏  အဖျက်အမှောင့်ဆောင်ရွက်မှုကြောင့်  ပျက်စီး ခဲ့သည့် ပြည်နယ်သံဃနာယကရုံးအဖွဲ့  အဆောက် အဦ၊    အောင်မြင်ဓမ္မာရုံနှင့်  စာသင်ဆောင်များ၊ သာသနိကအဆောက်အအုံများ    ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိမှုအခြေအနေတို့အား  လိုက်လံ ကြည့်ရှုပြီး သံဃာတော်များ အေးချမ်းစွာ သီတင်း သုံးနိုင်ရေးအတွက်   အမြန်ဆုံးဆောင်ရွက်ကြရန် တာဝန်ရှိသူများကို မှာကြားသည်။
ထို့နောက် ရွှေတောင်ပရိယတ္တိစာသင်တိုက်နှင့် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်း  ဥပဓိရုပ်ကောင်းမွန်စေရေးနှင့်   သန့်ရှင်း သာယာလှပမှုရှိစေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်း များက စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြုဆောင်ရွက် ပေးနေမှုများကို  ကြည့်ရှုအားပေးပြီး  ရွှေတောင်  ပရိယတ္တိစာသင်တိုက်အတွင်း      အကြမ်းဖက် သောင်းကျန်းသူများလုပ်ရပ်ကြောင့် ပျက်စီးခဲ့သည့်  သာသနိကအဆောက်အဦများကိုကြည့်ရှု၍ အမြန် ဆုံးပြုပြင်မွမ်းမံဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများ ကို မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည်   လွိုင်ကော် - လောပိတ  လမ်းမကြီး တစ်လျှောက် လမ်းဘေးဝဲယာသန့်ရှင်းရေး ဆောင် ရွက်ထားရှိမှုအခြေအနေများကို   ကြည့်ရှုစစ်ဆေး ပြီး  ရေနီကန်ကျေးရွာသို့ ဆက်လက်သွားရောက်၍ ၂၀၂၄-၂၀၂၅  ဘဏ္ဍာနှစ်အတွင်း  ပြည်နယ်အစိုးရ အဖွဲ့၏ရန်ပုံငွေဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့်     ရေနီကန်ကျေးရွာနှင့် သတ္တပလူကျေးရွာချင်းဆက်   ကျောက်ချောလမ်း ခင်းကျင်းထားရှိမှုများကို     သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)