
နေပြည်တော် ဩဂုတ် ၂၆
နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန်ရည်ရွယ်၍ စာသင် ကျောင်းများအပါအဝင် အစိုးရပိုင်အဆောက် အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ အများ ပြည်သူ သွားလာလှုပ်ရှားလျက်ရှိသည့် နေရာ များအား မိုင်းထောင်တိုက်ခိုက်ခြင်း၊ အပြစ်မဲ့လူပုဂ္ဂိုလ်များအား ဒလန်အဖြစ် စွပ်စွဲသတ်ဖြတ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် များအား လုပ်ကြံသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည့် ကယားပြည်နယ် ရှိ အကြမ်းဖက် PDF အဖွဲ့များကို ငွေကြေး၊ ဝတ်စုံ၊ ရိက္ခာ၊ ဆေးဝါးများ ထောက်ပံ့ပေး လျက်ရှိသည့် မျိုးပပ အား ဩဂုတ် ၁၂ ရက် ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ် Star City အိမ်ရာအခန်း အမှတ် (A3/1023)၌ ဖမ်းဆီးရမိခဲ့သည်။
တရားခံ မျိုးပပ၏ ထွက်ဆိုချက်အရ ကယားပြည်နယ်ရှိ အကြမ်းဖက် PDF အဖွဲ့များထံ ထောက်ပံ့ပေးရန် ၎င်း၏ KBZ Pay Account အတွင်းသို့ စင်ကာပူနိုင်ငံ ရောက် မြန်မာနိုင်ငံသားများ ဖွဲ့စည်းထား သည့် Together Myanmar အဖွဲ့မှ ဇူလိုင်လအတွင်း ငွေကျပ် ၁၅၇၂၇၅၀၀၊ ဩဂုတ်လအတွင်း ငွေကျပ် ၆၆၄၂၃၅၀ စုစုပေါင်း ငွေကျပ် ၂၂၃၆၉၈၅၀ အား စင်ကာပူနိုင်ငံနေ ငြိမ်းချမ်းသူမှတစ်ဆင့် ပေးပို့မှုကို လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ်နေ ဦးမြင့်အောင် ထံမှ ငွေကျပ် ၅၀၀၀၀၀ ကို လည်းကောင်း လက်ခံရရှိခဲ့ကြောင်း၊ လက်ခံရရှိငွေများကို အသုံးပြု၍ တရားခံ မျိုးပပ သည် ကယား ပြည်နယ်ရှိ အကြမ်းဖက် အဖွဲ့များဖြစ် သည့် လွိုင်ကော် PDF ၊ ဒီးမော့ဆို PDF ၊ KNDF(Karenni Nationalities Defense Force) အဖွဲ့များအတွက် လက်နက်၊ ခဲယမ်း ဝယ်ယူရန် ငွေကြေး၊ ဝတ်စုံ၊ ရိက္ခာ၊ ဆေးဝါးများ ထောက်ပံ့ခြင်းကို စုစုပေါင်း အကြိမ် ၂၀ လုပ်ဆောင်ခဲ့ကြောင်း၊ ၎င်း ပေးပို့ထောက်ပံ့သည့် ငွေကြေး၊ ဝတ်စုံ၊ ရိက္ခာ၊ ဆေးဝါးများအား ကယားပြည်နယ် ရှိ အကြမ်းဖက် PDF အဖွဲ့များထံ ပို့ဆောင်ပေးနေသည့် ဆက်စပ်တရားခံ လင်းလင်းခိုင်(ခ) ထွေးခိုင်နှင့် အကြမ်း ဖက် PDF သင်တန်းဆင်း ရဲနိုင်ထွေး(ခ)ကိုရဲတို့အား ဩဂုတ် ၁၅ ရက် မွန်းလွဲပိုင်း တွင် လွိုင်ကော်မြို့ ရှမ်းပိုင်းရပ်ကွက် အိမ်အမှတ်(၆၄)တွင် ဖမ်းဆီးရမိခဲ့ပြီး လင်းလင်းခိုင် (ခ)ထွေးခိုင်နှင့် ရဲနိုင်ထွေး (ခ)ကိုရဲတို့သည် မျိုးပပ က ပေးပို့သည့် ငွေများဖြင့် ကယားပြည်နယ်အတွင်း PDF အဖွဲ့များအား ရိက္ခာ၊ စစ်ဝတ်စုံ၊ ဆေးဝါးတို့အား လွိုင်ကော်မြို့မှ ဝယ်ယူ ကာ ဒီးမော့ဆိုမြို့နယ်သို့ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အဆိုပါတရားခံနှစ်ဦး၏ ထွက်ဆို ချက်များနှင့် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ကရင်နီလူမျိုး ပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) စစ်ဝတ်စုံများဝတ်ဆင်ပြီး အယောင်ဆောင်ကာ လက်နက်နှင့် ခဲယမ်းများအား ဖားဆောင်းမြို့မှ ဒီးမော့ဆိုမြို့သို့ Super Custom ယာဉ်ဖြင့် သယ်ဆောင်လာသည့် အကြမ်းဖက် ဒီးမော့ဆို PDF အဖွဲ့ဝင်များဖြစ်ကြသော မန်းဒီဇင်(ခ) ငမန်း၊ နိုင်ထွန်းလင်း(ခ)ဆိတ်ကုလား၊ မျိုးဇော်ဟိန်း(ခ)မျိုးကြီး၊ ဟန်ပြည့်ညီ(ခ)ငါးကလေး၊ ကျော်မင်းထက် (ခ)ဗျတ္တ၊ ကျော်ဇင်ဦး (ခ)အာနိုး၊ ဖြိုးဘိုဘို (ခ)ဖြူဖွေး၊ ပေါလု(ခ)ဘင်ဘင်း၊ ကောင်း ထက်အောင်(ခ)ကောင်းထက်၊ စိန်သန်းဌေး (ခ)သံချောင်းတို့ ၁၀ ဦးအား ဩဂုတ် ၁၈ ရက် ညနေပိုင်းတွင် ဘော်လခဲမြို့ ပူးပေါင်း စစ်ဆေးရေးဂိတ်၌ M-16 လေးလက်၊ MK-12 သုံးလက်၊ ပစ္စတို သုံးလက်၊ ကျည် မျိုးစုံ ၉၀၆ တောင့် အပါအဝင် ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ၁၀ ဦး၏ ထွက်ဆို ချက်များအရ ၎င်းတို့သည် မေလနှင့် ဇွန်လအတွင်း ဒီးမော့ဆိုမြို့နယ်၌ ဖြစ်ပွား ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များတွင် ပါဝင်ခဲ့ကြောင်း၊ PDF အဖွဲ့များ အား ကယားပြည်နယ်အတွင်း အကြမ်း ဖက်လုပ်ငန်းများ လုပ်ဆောင်ရန် တရား မဝင် NUG အဖွဲ့မှ တရားခံပြေး ခွန်းဘီထူး (ခ)လွီးဇီငြိမ်းနှင့် ချစ်ထွန်းတို့က ညွှန်ကြား စေခိုင်းလျက်ရှိကြောင်း၊ ပြည်တွင်း/ပြည်ပမှ အလှူငွေများအား ဒီးမော့ဆို PDF အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ဝင်း၊ ဘုန်းဇော်ပိုင်၊ ထွန်းလွင်ဦးတို့က ကောက်ခံ လျက်ရှိကြောင်း၊ ကောက်ခံရရှိသော ငွေကြေးများဖြင့် လက်နက်ဝယ်ယူမှုအား အကြမ်းဖက်အဖွဲ့ဝင် အောင်စိုးဦး (ခ)သားသား၊ အောင်မြင့်မြတ်(ခ) အောင်မြတ် တို့က လုပ်ဆောင်လျက်ရှိကြောင်း။
အဆိုပါ အကြမ်းဖက် PDF အဖွဲ့ဝင် ၁၀ ဦးသည် ၂၀၂၁ ခုနှစ် မေလအတွင်း ဒီးမော့ဆိုရဲစခန်းအား ဝင်ရောက်တိုက် ခိုက်မှုနှင့် ဒီးမော့ဆိုမြို့နယ် ကျောက်ဆည် ကန်အနီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်မှု၊ ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ဒီးမော့ဆိုမြို့နယ် ဒေါငံခါးရပ်ကွက် Church ကျောင်းအနီး တိုက်ခိုက်မှုဖြစ်စဉ် များတွင် ပါဝင်ခဲ့ကြကြောင်း သိရသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် အဖျက်အမှောင့် လုပ်ငန်းများ လုပ်ကိုင်နေသည့် ကယား ပြည်နယ်ရှိ အကြမ်းဖက် PDF အဖွဲ့ဝင် များနှင့် ၎င်းတို့ကိုဆက်သွယ်ထောက်ပံ့ ခဲ့သူများ အပါအဝင် စုစုပေါင်း တရားခံ ၁၃ ဦးအား ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ် တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိ ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်