
လော့စ်အိန်ဂျလိစ် နိုဝင်ဘာ ၁၂
ကယ်လ်လီဖိုးနီးယား တောင် ပိုင်းတက္ကသိုလ်တွင် ဗုံးခြိမ်း ခြောက်မှုကြောင့် နိုဝင်ဘာ ၁၁ ရက်တွင် အဆောက်အအုံအတွင်း ရှိ လူများကို ကယ်တင်မှုများ ပြုလုပ်ခဲ့ရကြောင်း အာဏာပိုင်များက ပြောသည်။
ဗုံးအန္တရာယ် ခြိမ်းခြောက်မှု ကြောင့် ဂရေ့စ်ဖို့ဒ် ဆယ်ဗေတိုရီ ခန်းမ၊ ဝေလ်စ် အန်နန်ဘာ့ချ် ခန်းမတို့အပါအဝင် အခြားသော အဆောက်အအုံများမှ လူများကိုလည်း ကယ်ထုတ်ခဲ့ရသည်ဟု နိုဝင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် တက္ကသိုလ် အုပ်ချုပ်ရေး တာဝန်ရှိသူများက ပြောသည်။
လူများကိုလည်း အဆိုပါ နေရာမှ ဝေးဝေးတွင် နေထိုင်ကြ ရန် တိုက်တွန်းထားသည်။ တက္က သိုလ်ပရဝဏ်၌ ရဲကားများ တွေ့ရှိရသကဲ့သို့ ကောင်းကင်တွင် လည်း ရဟတ်ယာဉ်များ ပျံဝဲနေ သည်ကိုတွေ့ရသည်။ တက္ကသိုလ် မှ သတိပေးကြေညာပြီး နောက် လူများကို ကယ်ထုတ်ခြင်းများ ပြုလုပ်ခဲ့ရာ အထိတ်တလန့် ကြောက်ရွံ့မှုများ မဖြစ်ပေါ်ခဲ့ဟု သိရသည်။
ဆင်ဟွာ