လာအိုနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများတိုးလာ

 

 

ဗီယင်ကျန်း   နိုဝင်ဘာ   ၃၀ 
လာအိုနိုင်ငံတွင်       ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ တိုးလာခဲ့ရာ နိုဝင်ဘာ ၃၀ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်သူ   ၁၂၉၁    ဦး ရှိလာခဲ့သောကြောင့်   စုစုပေါင်း ကိုဗစ်-၁၉      ကူးစက်သူပေါင်း  ၇၃၇၃၈ ဦးအထိ ရှိလာခဲ့သည်။ 
ထပ်မံကူးစက်  ဖြစ်ပွားသော ကိုဗစ်-၁၉     ကူးစက်ဖြစ်ပွားမှု အားလုံးသည် ပြည်တွင်းကူးစက် မှုများ   ဖြစ်ကြသည်။      လွန်ခဲ့ သော ၂၄ နာရီက နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉   စမ်းသပ်စစ်ဆေးမှု ပေါင်း   ၆၂၇၃   ခု  လုပ်ဆောင်ခဲ့ ကြောင်း ကူးစက်ရောဂါထိန်းချုပ် ရေးဌာန လက်ထောက်ညွှန်ကြား ရေးမှူးချုပ် ဆီဆာဗက်သ်ဆောက် သာနီရာဆေးက လာအိုမြို့တော် ဗီယင်ကျန်းတွင်    ပြုလုပ်ခဲ့သော သတင်းစာ           ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 
လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ သည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု   အမြင့်ဆုံးဖြစ်ပြီး    ကိုဗစ်-၁၉ ကူးစက်သူ ၆၁၅ ဦးရှိသည်။ 
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉     ကပ်ရောဂါကြောင့်  လေးဦးထပ်မံသေဆုံးခဲ့မှုနှင့်အတူ  စုစုပေါင်း  ကိုဗစ်-၁၉   ကြောင့် သေဆုံးသူ   ၁၇၀  ရှိလာကြောင်း ဆီဆာဗက်သ်က    ပြောသည်။ သေဆုံးသူအားလုံးမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး  မထိုးထားသူများ ဖြစ်ကြောင်း  ၎င်းကဆက်လက် ပြောကြားသည်။ 
လာအိုနိုင်ငံတွင် လွန်ခဲ့သော နှစ် မတ် ၂၄ ရက်တွင် ကိုဗစ်-၁၉ ကူးစက်သူနှစ်ဦးကို     ပထမဆုံး အတည်ပြုခဲ့ခြင်းဖြစ်သည်။ 
  ဆင်ဟွာ