
ဗီယင်ကျန်း နိုဝင်ဘာ ၉
လာအိုနိုင်ငံ၌ နိုဝင်ဘာ ၉ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၁၀၄၉ ဦးရှိပြီး ကူးစက်ဖြစ်ပွားမှုများ ဆက်လက်မြင့်တက်လာခဲ့သည်။ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၄၈၃၉၁ ဦး ရှိလာပြီ ဖြစ်သည်။
နိုင်ငံတစ်ဝန်း လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူအသစ် ၁၀၄၉ ဦးရှိပြီး ၇၁၀၇ ဦး စမ်းသပ်စစ်ဆေးခဲ့ကြောင်း အတည်ပြုဖော်ပြခဲ့ပြီး နိုဝင်ဘာ ၉ ရက်က ပြုလုပ်ခဲ့သော ဗီယင်ကျန်း သတင်းစာရှင်းလင်းပွဲတွင် လာအိုကျန်းမာရေးဝန်ကြီးဌာန ကူးစက် ရောဂါ ထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ရက်တာနက် ဆေးဖက် ဆိုဘန်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
အစုလိုက်ကူးစက်ဖြစ်ပွားမှု ၁၀၄၅ ခုတွင် ဗီယင်ကျန်း ၌ ၅၁၂ မှု၊ လွန်ဘရာဗန်၌ ၁၃၇ မှု၊ ဗီယင်ကျန်းပြည်နယ်၌ ၈၆ မှုဖြစ်သည်။ ကူးစက်ဖြစ်ပွားသူများအနက် လေးဦးမှာ ပြည်ပကူးစက် သူများဖြစ်ကာ ချန်ပါဆက်နှင့် ဆာဗန်နာခက်ပြည်နယ်တို့မှ နှစ်ဦးစီဖြစ်ကြောင်း သိရသည်။
ထို့အပြင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကြောင့် နောက်ထပ် သုံးဦးထပ်မံသေဆုံးခဲ့ကြောင်း ရက်တာနက်ဆေးက ထပ်မံပြောကြားလိုက်သည်။ လာအိုနိုင်ငံ၌ ကိုဗစ်-၁၉ ကြောင့် သေဆုံး သူပေါင်း ၈၉ ဦး အထိရှိလာပြီဖြစ်သည်။ ဆင်ဟွာ