
ဗီယင်ကျန်း အောက်တိုဘာ ၂၇
လာအိုနိုင်ငံ ပြည်နယ်အာဏာပိုင်များက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု တိုးလာမှုကို နှေးကွေးစေရန် ကန့်သတ်ပိတ်ဆို့ခြင်းနှင့် ခရီးသွားပိတ်ပင်တားမြစ်ခြင်းများကို ဆက်လက်လုပ်ဆောင်သွားရန် အမိန့် ထုတ်ပြန်လိုက်သည်။
လာအိုနိုင်ငံ အလယ်ပိုင်း ခန်မွန်းပြည်နယ်တွင် ကန့်သတ် ပိတ်ဆို့မှုကို နိုဝင်ဘာ ၈ ရက်အထိ ပြဋ္ဌာန်းထားသည်။ အဆိုပါ ပြည်နယ်သို့ အရေးပေါ်အကြောင်း ပြချက်ဖြင့် ဝင်ရောက်မည့် မည်သူ မဆို ပြည်နယ်အာဏာပိုင်များ ထံမှ ခွင့်ပြုချက်ရရမည်ဖြစ် ကြောင်း ဗီယင်ကျန်းတိုင်းမ်တွင် အောက်တိုဘာ ၂၇ ရက်က ထုတ်ပြန်ဖော်ပြထားသည်။
ပြည်နယ်တွင်းသို့ ဝင်ရောက် မည့်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးထား ရမည်ဖြစ်သလို ၇၂ နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်-၁၉ ကင်းစင်ကြောင်း သက်သေခံ အထောက်အထား တင်ပြရမည် ဖြစ်သည်။ ပြည်သူများ အနေဖြင့် ပြည်နယ်အပြင်ဘက် သို့ ခရီးသွားလာလိုသည့်အခါ ပြည်နယ် အာဏာပိုင်များထံမှ ခွင့်ပြုချက်ရယူရမည်ဖြစ်သည်။
လာအိုနိုင်ငံ မြောက်ပိုင်း ဘိုကိုးပြည်နယ်တွင် ခရိုင်တစ်ခု နှင့်တစ်ခုအကြား ခရီးသွားလာ ခြင်းများကို နိုဝင်ဘာ ၈ ရက်အထိ တားမြစ်ထားသည်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ် အန္တရာယ်ဇုန်တွင်းရှိ ဈေးများကို ယာယီပိတ်ထား သည်။ ထို့အတူ လမ်းဘေး အစားအသောက် ရောင်းချမှုများ ကို ခေတ္တခဏတားမြစ်ထားသည်။
အစားအသောက် မှာယူမှုများ ကို ဆက်လက်လုပ်ဆောင်နိုင် သော်လည်း အစားအစာများမှာ ကိုဗစ်-၁၉ အစိမ်းရောင်သတ် မှတ်ဇုန်မှ ဖြစ်ရမည်ဖြစ်သည်။ ထို့အပြင် ငွေပေးချေရာတွင်လည်း ဘဏ်ကတ်ဖြင့်ပြုလုပ် ရမည်ဖြစ် ပြီး ငွေသားအသုံးမပြုနိုင်ကြောင်း သိရသည်။
ဗီယင်ကျန်း ပြည်နယ်တွင် လည်း ကန့်သတ်ပိတ်ဆို့မှုများကို နိုဝင်ဘာ ၇ ရက်အထိ သတ်မှတ် ထားသည်။ ထို့အတူပြည်တွင်း ခရီး သွားလာမှုများကိုလည်း တားမြစ်ထားသည်။ ဗီယင်ကျန်း ပြည်နယ်သို့ ဝင်ရောက်မည့် မည်သူမဆို သီးသန့်ကန့်သတ် စောင့်ကြည့်မှု ၁၄ ရက် ခံယူရမည် ဖြစ်သည်။
ပြည်တွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုများ မြင့်တက်လျက်ရှိပြီး လာအိုနိုင်ငံတစ်ဝန်းရှိ ပြည်နယ် အတော်များများသို့ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့လျက်ရှိသည်။
အောက်တိုဘာ ၂၇ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွား သူ ၇၃၃ ဦး ရှိလာခဲ့မှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၃၇၇၅၁ ဦးအထိ ရှိလာပြီဖြစ်သည်။ ထပ်မံကူးစက် ဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူများအနက် နှစ်ဦးမှာ ပြည်ပကူးစက်မှုဖြစ်ကာ ၇၃၁ ဦးမှာ ပြည်တွင်းကူးစက်မှု ဖြစ်သည်။
အစုလိုက် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၇၃၁ ဦးရှိ ကြောင်း မှတ်တမ်းတင်ဖော်ပြ ထားသည်။ လာအိုနိုင်ငံ၌ လွန်ခဲ့သောနှစ် မတ် ၂၄ ရက်က ပထမဆုံး ကိုဗစ်-၁၉ အတည်ပြု ကူးစက်ဖြစ်ပွားသူ နှစ်ဦးရှိကြောင်း ဖော်ပြခဲ့သည်။
ဆင်ဟွာ