လာအိုနိုင်ငံတွင် ကိုဗစ် -၁၉ကူးစက်ခံရသူပေါင်း တစ်သိန်းကျော်လွန်လာပြီဖြစ် 


 

ဗီယင်ကျန်း  ဒီဇင်ဘာ   ၂၁
လာအိုနိုင်ငံတွင်       ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်းမှာ ဒီဇင်ဘာ ၂၁ ရက်တွင် ၁၀၀၅၂၄ ဦးအထိ    ရှိလာပြီဖြစ်ကြောင်း      လာအို ကျန်းမာရေးဝန်ကြီးဌာနက ပြော သည်။ 
ပြီးခဲ့သည့်  ၂၄ နာရီအတွင်း နောက်ထပ် ကူးစက်ခံရသူပေါင်း ၁၁၂၈ဦးရှိလာပြီးနောက်  အရေ အတွက်အားဖြင့်       တစ်သိန်း ကျော်လွန်လာခြင်း      ဖြစ်သည်။ ပြီးခဲ့သည့် ၂၄နာရီအတွင်း ပြည်ပ မှကူးစက်ခံလာရသူ တစ်ဦး အပါ အဝင်   ဒေသတွင်းကူးစက်ခံရသူ ၁၁၂၇   ဦး   တိုးလာခဲ့ကြောင်း ကူးစက်ရောဂါထိန်းချုပ်ရေးဌာန ဒုတိယ    ညွှန်ကြားရေးမှူးချုပ် စစ်ဆဗက်ဆောက်သန် နီရာဆီက သတင်းစာရှင်းလင်းပွဲတွင် ပြော သည်။  
သေဆုံးသူ  ဦးရေမှာလည်း ၁၀ ဦး   တိုးလာသည့်အတွက် ဒီဇင်ဘာ ၂၁ ရက်အထိသေဆုံးသူ စုစုပေါင်းမှာ ၂၈၄  ဦးအထိရှိလာ သည်။   ပြည်တွင်းကူးစက်မှုများ အနက် ၅၄၄ ဦးမှာ မြို့တော် ဗီယင် ကျန်းတွင် ကူးစက်ခံရသူများဖြစ် သည်။  လာအိုနိုင်ငံတွင်    ပြီးခဲ့ သည့်နှစ် မတ် ၂၄ ရက်တွင် ကိုဗစ်- ၁၉ကူးစက်မှုကို  ပထမဦးဆုံး တွေ့ရှိခဲ့ခြင်းဖြစ်သည်။         
ဆင်ဟွာ