လာဇီယိုကို အနိုင်ယူပြီး စီးရီးအေအမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်နိုင်ခဲ့သည့် အင်တာမီလန်

 

 

အီတလီစီးရီးအေ  ပွဲစဉ်  (၂၁) ၏ အကောင်းဆုံး     ပွဲစဉ်တစ်ပွဲဖြစ် သည့် အင်တာမီလန်အသင်းနှင့်  လာဇီယိုအသင်းတို့        ပွဲစဉ်ကို ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းက ဆန်စီယိုကွင်း၌   ယှဉ်ပြိုင်ကစား ခဲ့ရာ     အင်တာမီလန်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့်    အနိုင်ရရှိပြီး အမှတ်ပေးဇယားကို ပြန်လည် ဦးဆောင်နိုင်ခဲ့သည်။ 
အင်တာမီလန်အသင်းသည် ယခုပွဲအနိုင်ရရှိမှုကြောင့် စီးရီးအေ ရှစ်ပွဲဆက်     နိုင်ပွဲ    ရရှိခဲ့သည့် မှတ်တမ်းတစ်ရပ် ပိုင်ဆိုင်ခဲ့သည်။  ထို့အပြင် အင်တာမီလန်အသင်း သည် စီးရီးအေ ပွဲ ၂၀ ကစားပြီး ရမှတ်  ၄၉  မှတ်နှင့်အတူ ဒုတိယ နေရာမှ   မြို့ခံပြိုင်ဘက်   အေစီ မီလန်အသင်းထက်           တစ်ပွဲ လျှော့ကစားပြီး တစ်မှတ်အသာ ဖြင့်    အမှတ်ပေး      ဇယားကို ပြန်လည်  ဦးဆောင်နိုင်ခဲ့သည်။ လာဇီယိုအသင်းသည် ယခုပွဲစဉ် အနိုင်ရရှိလျှင် ရမှတ် ၃၅ မှတ်ဖြင့် အဆင့် (၆) နေရာအထိ ယာယီ တက်လှမ်းခွင့် ရရှိမည်ဖြစ်သော် လည်း လွဲချော်ခဲ့သည်။ 
ပွဲချိန်  ၁၇  မိနစ်တွင် မာတီ နက်ဇ်က အင်တာမီလန်အသင်း အတွက် ဦးဆောင်ဂိုးသွင်းယူနိုင် ခဲ့သော်လည်း     ဗွီအေအာရ်က ပယ်ဖျက်ခဲ့သည့်အတွက်  လာဇီယို အသင်း     သက်သာရာရခဲ့သည်။ သို့သော်လည်း   မိနစ်  ၃၀  တွင် အင်တာမီလန်အသင်း ဦးဆောင် ဂိုးရရှိခဲ့ပြီး ဘတ်စ်တိုနီက သွင်းယူ ပေးနိုင်ခဲ့သည်။ လာဇီယိုအသင်း ကလည်း  ပွဲချိန်  ၃၅   မိနစ်တွင် ချေပဂိုး       သွင်းယူနိုင်ခဲ့သည့် အတွက် ပထမပိုင်းတွင် တစ်ဖက် တစ်ဂိုးစီဖြင့်     အကြိတ်အနယ် ရှိခဲ့သည်။ 
ဒုတိယပိုင်းတွင်    အင်တာ မီလန်အသင်းက လာဇီယိုအသင်း ကို    ဖိအားပေးထိန်းချုပ်ကစား နိုင်ခဲ့ပြီး ဒုတိယဂိုး ရယူနိုင်ခဲ့သည်။  အဆိုပါဂိုးကို ပွဲချိန် ၆၇ မိနစ်တွင် ဆက်ကရီနီယာက သွင်းယူပေးနိုင် ခဲ့သည်။ ထို့နောက်တွင် နှစ်သင်း စလုံး လူစားလဲမှုများ ပြုလုပ်ကာ  သွင်းဂိုးရရှိရရန်    ကြိုးစားခဲ့သော် လည်း        ပွဲချိန်ပြည့်သည်အထိ တစ်ဖက်နှင့်  တစ်ဖက်     ထပ်မံ ဂိုးသွင်းယူနိုင်ခြင်း       မရှိသော ကြောင့် အင်တာမီလန်အသင်းက  နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း  ဖြစ်သည်။
အခြားသော  စီးရီးအေပွဲစဉ် ရလဒ်များတွင် စပီဇီယာက ဂျီနိုအာ ကို  တစ်ဂိုး-ဂိုးမရှိ၊ ဂျူဗင်တပ်စ်က ရိုးမားကို လေးဂိုး-သုံးဂိုး၊ စလာနီ တာနာက ဗီရိုနာကို နှစ်ဂိုး-တစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။ အောင်ဇော်