
စပိန်လာလီဂါပွဲစဉ် (၁) မှ ဩဂုတ် ၁၆ ရက် နံနက် ၂ နာရီက ယှဉ်ပြိုင် ကစားခဲ့သည့် ရီးရဲဘက်တစ်နှင့် ဂျီရိုနာအသင်းပွဲစဉ်တွင် တစ်ဖက် တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။
အဆိုပါ ပွဲစဉ်ကို ရီးရဲဘက်တစ်အသင်း အိမ်ကွင်း၌ လက်ခံယှဉ်ပြိုင် ကစားခဲ့ပြီး ပရိသတ် ၅၄၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့သည်။ ပွဲချိန် ၆ မိနစ်တွင် ဘာထရာက ဘက်တစ်အသင်းအတွက် ဦးဆောင်ဂိုးသွင်း ယူပေးနိုင်ခဲ့သည်။
ဘက်တစ်အသင်းသည် ပွဲချိန် မိနစ် ၇၀ အထိ တစ်ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်နိုင်ပြီး နိုင်ပွဲရရှိရေး နီးစပ်မှုရှိသော်လည်း ၇၂ မိနစ်တွင် ဂါဘရီရယ်၏ ချေပဂိုးပြန်လည်ခွင့်ပြုပေးခဲ့ရသည့်အတွက် တစ်ဖက် တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။ စပိန်လာလီဂါပွဲစဉ် (၁)မှ ဘီလ်ဘာအို နှင့် ဂီတာဖေးအသင်းပွဲစဉ်တွင်လည်း တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။
မိုးဇက် - ရေးသားသည်