
နေပြည်တော် မေ ၂၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ မွန်းလွဲ ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးသိန်းလွင်နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ မြို့ အေးမြသာယာရပ်ကွက်သို့ သွားရောက်ပြီး အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက် နေပြည်သူများ မိသားစုဝင်ငွေတိုး ရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် မွမ်းမံစက်ချုပ်သင်တန်း တက် ရောက်အောင်မြင် ပြီးသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ သည်။
ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းသူများ ကိုယ်တိုင် ဖွင့်လှစ်ထားသော အပ်ချုပ်ဆိုင် များကို လိုက်လံကြည့်ရှု အားပေး ပြီး မိသားစုဝင်ငွေတိုးရေးအတွက် ကြိုးစား ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး သည် ဟင်္သာတမြို့ရှိ ဝန်ကြီးဌာန အောက် ခရိုင်အဆင့်၊ မြို့နယ် အဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံ ကာ ဦးစီးဌာနအလိုက် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ အမြန်စတင်အကောင်အထည်ဖော် ရေးမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီး သည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ဟင်္သာတ မြို့ သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲမှု သင်တန်းကျောင်းတွင် ကျင်းပသော သမဝါယမလယ်ယာ ဝန်ဆောင်မှု သရုပ်ပြပွဲနှင့် သွင်းအားစုပေးအပ်ပွဲ အခမ်း အနားသို့ တက်ရောက်၍ ဒေသခံ တောင်သူများနှင့် တွေ့ဆုံကာ လာမည့် မိုးစပါးစိုက်ပျိုးရာသီ၌ အထွက်တိုး မျိုးကောင်းမျိုးသန့် များ စိုက်ပျိုး၍ ပန်းတိုင်အထွက် နှုန်းရရှိရေး၊ စိုက်ပျိုးရေး နည်းပညာများအတိုင်း လိုက်နာ ဆောင်ရွက်ကြရေး မှာကြားပြီး မိမိတို့ဝန်ကြီးဌာနက ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည့် အခြေအနေ များကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ဧရာဝတီတိုင်း ဒေသကြီး လမ်းပန်းဆက်သွယ် ရေးဝန်ကြီးက တိုင်းဒေသကြီး အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်း အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် သမဝါယမဦးစီး ဌာန ညွှန်ကြားရေးမှူး ဒေါ်ဝင်း ဝင်းအေးက သမဝါယမလယ်ယာ ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက် နေမှုများနှင့် တောင်သူလယ်သမား များအနေဖြင့် လယ်ယာသုံး စက် ကိရိယာများ ပိုင်ဆိုင်ခွင့်ရရှိရန် သမဝါယမဦးစီးဌာနက ကူညီ ဆောင်ရွက် ပေးနေမှုများကို လည်းကောင်း၊ ဟင်္သာတခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ခံက JICA Two Step Loan ဖြင့် ဆောင်ရွက်ပေးနေသော ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်း များကိုလည်းကောင်း၊ ဂျွန်ဒီးယား ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး က ဝန်ဆောင်မှုပေးနေသည့် လယ်ယာသုံးစက်ကိရိယာ အမျိုး အစားများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး နှင့် တိုင်းဒေသကြီး ဝန်ကြီးတို့ က ဟင်္သာတခရိုင်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ် ပြီး လယ်ယာသုံးစက်ကိရိယာ များဖြင့် လက်တွေ့သရုပ်ပြ ထွန်ယက်နေမှုကိုလည်းကောင်း၊ သက်ဆိုင်ရာ ကုမ္ပဏီအသီးသီးတို့ ၏ စိုက်ပျိုးရေး သွင်းအားစုများ ခင်းကျင်းပြသထားမှုကိုလည်းကောင်း၊ လယ်ယာသုံးစက်ကိရိယာ များ ခင်းကျင်းပြသထားမှုကို လည်းကောင်း လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်