လားရှိုးမြို့၌ သူနာပြု-သားဖွား ဒီပလိုမာပထမနှစ် သင်တန်းသား သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားကျင်းပ

လားရှိုး    ဇွန်   ၁၄
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာ ရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီး ဌာန၊ လားရှိုးသူနာပြုနှင့်သားဖွား သင်တန်းကျောင်း အပတ်စဉ် (၃၂) သူနာပြု-သားဖွား ဒီပလိုမာပထမ နှစ် သင်တန်းသား သင်တန်းသူ များ၏ ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းခြင်း   အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက သူနာပြု သင်တန်းကျောင်းခန်းမ၌  ကျင်းပ သည်။
အခမ်းအနားတွင်  ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ   (ရှမ်း မြောက်) ဥက္ကဋ္ဌ   ဦးမြင့်သန်းဝင်း က  အမှာစကား  ပြောကြားပြီး  လားရှိုးသူနာပြုနှင့်    သားဖွား သင်တန်းကျောင်း၊ ကျောင်းအုပ် ကြီး    လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ဟေမာစိုးဝင်းက ဂျူတီ ကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။ 
ထို့နောက် သူနာပြု-သားဖွား ဒီပလိုမာ သုံးနှစ်သင်တန်း၊ အပတ် စဉ်(၃၂) သစ်လွင် သင်တန်းသား တစ်ဦးနှင့်   သင်တန်းသူ   ၆၀ စုစုပေါင်း ၆၁ ဦးတို့အား တာဝန် ရှိသူအသီးသီးက   ဂျူတီကုတ် နှင့်ဦးဆောင်းများကို    အပ်နှင်း ပေးသည်။
ယင်းနောက်   မျိုးဆက်သစ် သူနာပြု-သားဖွား ဒီပလိုမာ သုံးနှစ် သင်တန်းသား သင်တန်းသူများသို့ Florence Nightingale ၏ မီးအိမ် ကို ကျောင်းအုပ်ကြီးက လက်ဆင့် ကမ်းထွန်းညှိပေးရာ   သူနာပြု သင်တန်းသား သင်တန်းသူများက သူနာပြုသစ္စာအဓိဋ္ဌာန်   ရွတ်ဆို ကြသည်။
ဆက်လက်၍ ထူးချွန်သစ်လွင် ဆုရ သူနာပြု - သားဖွား ဒီပလိုမာ သုံးနှစ် သင်တန်းသား သင်တန်းသူ များကို   ပြည်နယ်အစိုးရအုပ်ချုပ် ရေးအဖွဲ့ခွဲ   (ရှမ်းမြောက်)ဥက္ကဋ္ဌ က   ဆုများ   ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။  
စိုင်းထွန်း(လားရှိုး)