လော့စ်အိန်ဂျလိစ်၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ နှစ်ဆကျော်မြင့်တက်

 

လော့စ်အိန်ဂျလိစ်   ဒီဇင်ဘာ  ၂၃ 

 


အမေရိကန်ပြည်ထောင်စု      ကယ်လီဖိုးနီးယား ပြည်နယ်၏  လူဦးရေအထူထပ်ဆုံးတစ်ခုဖြစ်သည့် လော့စ်အိန်ဂျလိစ်တွင်  လွန်ခဲ့သော  ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ  ၃၀၅၂  ဦးမှ ၆၅၀၉ ဦး အထိ  နှစ်ဆကျော်မြင့်တက်လာကြောင်း  ပြည်သူ့ ကျန်းမာရေးအာဏာပိုင်များက ဒီဇင်ဘာ ၂၂ ရက်က ပြောကြားခဲ့သည်။ 

 


ရုတ်တရက် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အရေ အတွက် မြင့်တက်လာခြင်းသည် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုကာလတစ်လျှောက် မကြုံစဖူးထူးကဲစွာ  တွေ့မြင်ရသည့် အခြေအနေတစ်ခုဖြစ်သည်။ အိုမီ ခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားမှု တိုးလာခြင်း၏    သက်ရောက်မှု   တစ်ခုလည်းဖြစ်ကြောင်း    လော့စ် အိန်ဂျလိစ်    ပြည်သူ့ကျန်းမာရေးဌာနက  သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ 

 


ဒီဇင်ဘာ ၂၂  ရက်က  အိုမီခရွန်ဗိုင်းရပ်စ်သစ်      ထပ်မံကူးစက်ဖြစ်ပွားသူ ၁၆၂  ဦးရှိကြောင်း ဖော်ပြခဲ့ သည်။ ပြည်သူ ၁၀  သန်းကျော် နေထိုင်သည့် လော့စ် အိန်ဂျလိစ်တွင်   လတ်တလော  ကိုဗစ်-၁၉    ဖြင့် ဆေးရုံတင်ထားရသူ  ၇၄၈ ဦးရှိသည်။  ဒီဇင်ဘာ ၂၂ ရက်  ကိုဗစ်-၁၉  ပိုးတွေ့မှုနှုန်းသည်  ၄  ဒသမ ၅   ရာခိုင်နှုန်းရှိကာ  လွန်ခဲ့သော သီတင်းပတ်ကထက် ၁ ဒသမ  ၉ ရာခိုင်နှုန်း တိုးလာခဲ့သည်။ 

 


ထို့အပြင် ကိုဗစ်-၁၉ ကြောင့်  ၁၉  ဦး  ထပ်မံ သေဆုံးခဲ့သဖြင့် လော့စ်အိန်ဂျလိစ်တွင်  ကိုဗစ်-၁၉ ဖြင့် သေဆုံးသူ ၂၇၄၈၈ ဦးရှိပြီး ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၁၅၇၆၇၀၂ ဦးရှိသည်။ 

 


ယခုနှုန်းအတိုင်း        ဆက်လက်တိုးနေပါက   လော့စ်အိန်ဂျလိစ်တွင် ယခုနှစ်ကုန်လျှင် တစ်နေ့လျှင် ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားသူ   ၂၀၀၀၀  အထက်     ရှိလိမ့်မည်ဖြစ်သည်။     အမေရိကန်ပြည်ထောင်စု တွင် လော့စ်အိန်ဂျလိစ်သည် တစ်ချိန်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားရာ ဗဟိုချက် နေရာတစ်ခုဖြစ်ခဲ့သည်။ 


ဆင်ဟွာ