လိုအပ်ပါက အမေရိကန်နှင့် ဆွေးနွေးမှု ဆက်လက်ပြုလုပ်သွားမည်ဟု တာလီဘန်ပြော

 

 

ကဘူးလ် အောက်တိုဘာ ၁၁


လိုအပ်ပါက အမေရိကန်နှင့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ် သွားမည်ဟု   အာဖဂန်နစ္စတန်   နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တို ဘာ ၁၁ ရက်တွင် ပြောသည်။  သီတင်းပတ်အကုန်က  တာလီဘန် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ခေတ္တနိုင်ငံခြားရေးဝန်ကြီး အာမီယာခန် မတ်တာကီ သည် အမေရိကန် ကိုယ်စားလှယ်နှင့်   ကာတာနိုင်ငံ ဒိုဟာမြို့တွင် တွေ့ဆုံခဲ့သည်။ 
ထိုသို့တွေ့ဆုံပြီးနောက် နှစ်ရက်ကြာဆွေးနွေးမှုများ ပြုလုပ်ခဲ့ သည်။ ဆွေးနွေးပွဲအတွင်း နိုင်ငံရေးပြဿနာများကို ဆွေးနွေးခဲ့ကြ ပြီး ဒိုဟာသဘောတူညီမှုကို  အပြည့်အဝအကောင်အထည်ဖော်ရန်မှာ ပြဿနာများကို အကောင်းဆုံးဖြေရှင်းနည်းဟု အာဖဂန်နစ္စတန် ဘက်မှ ယူဆကြောင်း  ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အမေရိကန်နိုင်ငံဘက်ကလည်း အာဖဂန်နစ္စတန်သို့လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးသွားမည့်အပြင် လူသားချင်းစာနာထောက်ထားမှုနှင့် ပတ်သက်သည့် အခြားသော အဖွဲ့အစည်းများကိုလည်း   အကူအညီများ     ပေးအပ်သွားမည်ဟု အမေရိကန်ကိုယ်စားလှယ်က ပြောကြားခဲ့ကြောင်း ကြေညာချက် တွင် ပါဝင်သည်။                                                         ဆင်ဟွာ