လှိုင်းဘွဲ၌ ကျောင်းသား ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ ကျင်းပ

Image not available
 
 
လှိုင်းဘွဲ ဖေဖော်ဝါရီ ၇
 
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း ၍ ကျောင်းသား ကျောင်းသူများအား အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ ၆ ရက် နံနက် ၉ နာရီက အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပသည်။
 
ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ခိုင်ဝင်းက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ စာဖတ်ရှိန် မြှင့်တင်ရေး၊ ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အကြောင်းအရာများကိုလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ ဒုရဲအုပ်သိန်းဇော်က မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ ဆေးသုံးစွဲခြင်း ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကိုလည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့သည်။
 
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသော ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး အသိ ပညာပေးစာစောင်များ၊ နယ်ချဲ့ဆန့်ကျင်ရေးသူရဲကောင်း များ၏ ပိုစတာများကို ပြသထားရာ ကျောင်းသား ကျောင်းသူ များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရ သည်။
 
မြို့နယ် (ပြန်/ဆက်)