
နေပြည်တော် ဩဂုတ် ၂
ကယားပြည်နယ် လွိုင်ကော်မြို့ နမ့်ကွတ် ရပ်ကွက် အခြေခံပညာအထက်တန်း ကျောင်းခွဲရှိ ဆရာ ဆရာမများအား ဆန်၊ ဆီ၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းရှိ အမေ့မေတ္တာဆောင်၌ ပြုလုပ် ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် တာဝန်ရှိသူ များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးက ဆန်၊ ဆီ၊ ကြက်ဥ၊ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်များကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမ များက လက်ခံရယူကြသည်။
ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များ သည် ကျောင်းသား ကျောင်းသူများ၏ ပညာ သင်ကြားနေမှုများကို လိုက်လံကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများအား ရင်းရင်း နှီးနှီး အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်