လွိုင်ကော်မြို့၌ ဒေသဖွံ့ဖြိုးရေး၊ပြန်လည်ထူထောင်ရေးလုပ်ငန်းများ‌နှင့် သူနာပြုသားဖွား သင်တန်းကျောင်း(လွိုင်ကော်)ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

လွိုင်ကော်  ဇွန်       ၁၈
ကယားပြည်နယ်ဝန်ကြီးချုပ်     ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်  တာဝန်ရှိသူများ သည်  ယနေ့   နံနက်ပိုင်းက    ပြန်လည်တည်ငြိမ် အေးချမ်းမှုရရှိလာပြီဖြစ်သော    လွိုင်ကော်မြို့ပေါ် ရပ်ကွက်များ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးဆောင်ရွက်နေမှုနှင့် သူနာပြုသားဖွားသင်တန်းကျောင်း     (လွိုင်ကော်) ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေး၍ နေရပ်ပြန်ဝန်ထမ်းများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လွိုင်ကော်မြို့လယ်   ကန္တရဝတီလမ်းမကြီး၊ လောပိတလမ်းမကြီးတစ်လျှောက်နှင့်   ရှမ်းပိုင်း ရပ်ကွက်၊ မင်းစုရပ်ကွက်၊ ဒေါနိုးကူးရပ်ကွက်များ၌ လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက် လျှပ်စစ်ဝန်ထမ်း များက ဓာတ်အားလိုင်းများ  ပြင်ဆင်ဆောင်ရွက်ပေး နေမှုများကို  ကြည့်ရှုစစ်ဆေးခဲ့ပြီး (ယာပုံ)   လိုအပ် သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ မြို့တွင်းသို့ လျှပ်စစ်မီးဖြန့်ခွဲပေးလျက်ရှိသော အောင်သီဟရပ်ကွက်ရှိ (၃၃/၁၁)ကေဗွီ (၁၀)အမ်ဗွီအေ ဧက ၅၀၀ ဓာတ်အားခွဲရုံသို့ သွားရောက် ကာ ရပ်ကွက်/ကျေးရွာများကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုနှင့် အကြမ်းဖက်သောင်းကျန်းသူများ နှောင့်ယှက်ဖျက်ဆီးမှုကြောင့်    ပျက်စီးသွားသော မိန်းထရန်စဖော်မာ၊  PT ၊  CT  နှင့်   ဓာတ်အားခွဲရုံ ဆက်စပ်ပစ္စည်းများ    ပြုပြင်ဆောင်ရွက်ပြီးစီးမှု၊ ဓာတ်အားခွဲရုံ လုံခြုံရေးအတွက် အုတ်တံတိုင်းကာရံ ခြင်းလုပ်ငန်း   ဆောင်ရွက်နေမှုတို့ကို    ကြည့်ရှု စစ်ဆေးသည်။ 
ထို့နောက် လျှပ်စစ်ဝန်ထမ်းအိမ်ရာသို့သွားရောက် ၍  ယခုဘဏ္ဍာနှစ်အတွင်း    ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်တည်ဆောက်နေမှု၊ ဂါလန် ၁၆၀၀ ဆံ့ ရေစင်နှင့် ရေသိုလှောင်ကန်တည်ဆောက်နေမှုအခြေ အနေများ ၊ ပြန်လည်ထူထောင်ရေးအတွက် စုစည်း ထားရှိသော ၁၂ မီတာ  ကွန်ကရစ် လမ်းမီးတိုင်များကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ   မှာကြားခဲ့ပြီး ဝန်ထမ်းများအား   အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည်  သူနာပြုသားဖွားသင်တန်းကျောင်း (လွိုင်ကော်)သို့ သွားရောက်၍  သင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းရုံး၊ စာကြည့် တိုက်၊  လက်တွေ့ခန်း၊  သင်ကြားရေးဆောင်များ၊ သင်တန်းသား ၊ သင်တန်းသူအိပ်ဆောင်များ၊ စားရိပ် သာနှင့်  သူနာပြုသားဖွားသင်တန်းကျောင်းဝင်း အတွင်း ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်ပေးနေမှုများကို  ကြည့်ရှုစစ်ဆေး၍  ပြန်လည် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသော ဝန်ထမ်းများအားသွားရောက် တွေ့ဆုံအားပေးစကား ပြောကြားပြီး ဝန်ထမ်းများနေရာချထားမှုနှင့် လိုအပ် သည့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ     နေရပ်ပြန် ပြည်သူများ   အဆင်ပြေအေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် ရေ၊ မီးရရှိရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား      ဆောင်ရွက်ပေးလျက်ရှိကာ ယခုအခါမြို့ပေါ်(၉)ရပ်ကွက်တွင် လမ်းမီးနှင့်လျှပ်စစ် မီးအသုံးပြုနိုင်ရေး      ဆောင်ရွက်ပေးထားပြီးဖြစ် ကြောင်းနှင့်ကျန်ရှိသည့်ရပ်ကွက်များ၌ လျှပ်စစ်မီးများအမြန်ဆုံးပြန်လည်ရရှိရေး ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း သိရသည်။             ပြည်နယ်(ပြန်/ဆက်)