လွိုင်ကော်မြို့ပေါ်ရှိ သံဃာတော်များ ဝါတွင်းကာလသီတင်းသုံးနိုင်ရေး၊ စာသင်တိုက်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး စီမံဆောင်ရွက်လျက်ရှိ

လွိုင်ကော်      ဇူလိုင်     ၁၆
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ     ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ်  ရွှေတောင်ပရိယတ္တိ စာသင်တိုက်သို့ သွားရောက်၍   ရွှေတောင်ပရိယတ္တိ စာသင်တိုက်  ပဓာနနာယက    ဆရာတော်ဘဒ္ဒန္တ သီလာဝံသအား    သွားရောက်ဖူးမြော်ကြည်ညိုပြီး သံဃာတော်များ ဝါတွင်းကာလအတွင်း  ပြန်လည် သီတင်းသုံးနိုင်ရေးနှင့် စာသင်တိုက်ပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် သာသနာရေးဆိုင်ရာများ လျှောက်ထား ကာ    လှူဖွယ်ဝတ္ထုပစ္စည်းများ   ဆက်ကပ်လှူဒါန်း ခဲ့သည်။
ထို့နောက်   ရွှေတောင်ပရိယတ္တိစာသင်တိုက် အတွင်း အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက် အမှောင့် ဆောင်ရွက်မှုကြောင့်  ပျက်စီးသွားသည့် သာသနိကအဆောက်အဦများ၊ စေတီပုထိုးများအား မီးသတ်တပ်ဖွဲ့ဝင်များက   သန့်ရှင်းရေးဆောင်ရွက် ပေးနေမှုများကို       လိုက်လံကြည့်ရှုစစ်ဆေးပြီး သာသနိကအဆောက်အဦများ အမြန်ဆုံးပြန်လည် ပြုပြင်မွမ်းမံနိုင်ရေး တာဝန်ရှိသူများအား လိုအပ် သည်များ မှာကြားသည်။
ဆက်လက်၍ ရှေးဟောင်းအမွေအနှစ် နှစ်(၁၀၀)ပြည့်    မင်္ဂလာဟော်ကြီး  ပရိယတ္တိစာသင်တိုက်သို့ သွားရောက်ကာမင်္ဂလာဟော်ကြီးကျောင်း ဆရာတော် ပြည်နယ်ဩဝါဒါစရိယ ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာအား သွားရောက်ဖူးမြော် ကြည်ညိုခဲ့ပြီး  စာသင်တိုက်အတွင်း  ရေ၊ မီးရရှိရေး ဆောင်ရွက်ပေးမည့် အစီအမံများ၊ သံဃာတော်များ ဝါတွင်းကာလအတွင်း     ပြန်လည်သီတင်းသုံးနိုင်ရေး နှင့်   သာသနာရေးဆိုင်ရာများ   လျှောက်ထားကာ  ဆွမ်းဆန်တော်၊   ဆီနှင့်  လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် လွိုင်ကော်မြို့  ဒေါနိုးကူးရပ်ကွက် သို့   သွားရောက်၍    မြို့အင်္ဂါရပ်များနှင့်အညီ ဖြစ်စေရေးအတွက် စည်ပင်သာယာရေးအဖွဲ့များက သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး ပြီး   တာဝန်ရှိသူများအား    လိုအပ်သည်များကို မှာကြားကာ  ရွှေတောင်ရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ ဒေါနိုးကူးရပ်ကွက်နှင့်      ရှမ်းစုရပ်ကွက်များသို့ သွားရောက်၍    အကြမ်းဖက်သောင်းကျန်းသူများ ၏  အဖျက်အမှောင့်ဆောင်ရွက်မှုကြောင့်    ပျက်စီး ဆုံးရှုံးသွားသည့်     ပြည်သူများ၏နေအိမ်များကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများအား ရင်းရင်း နှီးနှီး  လိုက်လံတွေ့ဆုံအားပေးစကားပြောကြားကာ  ရပ်ကွက်များအတွင်း    သန့်ရှင်းသာယာလှပမှုရှိစေ ရေးအတွက်       ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဦးဆောင်၍ ရပ်မိ ၊ ရပ်ဖများနှင့်  ပြည်သူအားလုံးက ဝိုင်းဝန်းကူညီ     ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍           မြို့သန့်ရှင်းသာယာလှပရေး စီမံချက်နှင့်အညီ ဆောင်ရွက်လျက်ရှိသော ဥတ္တရာရုံ ပရိယတ္တိစာသင်တိုက် ပရိဝုဏ်နှင့် နောင်ယားကန်သာ ပတ်လမ်းတစ်လျှောက် လမ်းဦးစီးဌာနနှင့် စည်ပင် သာယာရေးအဖွဲ့တို့က စုပေါင်းသန့်ရှင်းရေးဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ စိတ်ချမ်း မြေ့စွာ      လာရောက်အပန်းဖြေနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက      စနစ်တကျစီမံ ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူ များသည်          ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ နှင့်       မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးများသို့ သွားရောက်၍ အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့်ဆောင်ရွက်ခဲ့မှုကြောင့် ပျက်စီးသွား သော   နိုင်ငံပိုင်၊   ဌာနပိုင်အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးပြီး  ရုံးလုပ်ငန်းများ၊ စည်ပင်သာယာ ရေးအဖွဲ့၏  လုပ်ငန်းများ၊ မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေ ရေးအတွက်    ဥပဒေနှင့်အညီ   စနစ်တကျကြပ်မတ် စစ်ဆေးသွားရန် မှာကြားသည်။
ဆက်လက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌    လွိုင်ကော်မြို့    ပြန်လည်  ဖွံ့ဖြိုးတိုးတက်ရေးနှင့်    ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄)ကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က  အမှာစကားပြောကြားရာ တွင် ယခုအခါ လွိုင်ကော်မြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက် လျက်ရှိကြောင်း၊   ပျက်စီးဆုံးရှုံးခဲ့မှုများကို  ကနဦး စစ်တမ်းကောက်ယူခြင်း၊   ယာဉ်ယန္တရားများနှင့် လူများစုဖွဲ့ခြင်း     စဉ်ဆက်မပြတ်ဆောင်ရွက်ရမည် ဖြစ်ပြီး     ဦးစားပေးအဆင့်အလိုက်    ပြုပြင်မွမ်းမံ ဆောင်ရွက်မည့် အစီအမံများ ပြုစုတင်ပြနိုင်ရေးနှင့် လတ်တလော    အမြန်ဆုံးပြုပြင်ဆောင်ရွက်ရန် လိုအပ်သည်များကို   တစ်ပြိုင်နက်တည်း ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊  နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်မှုမရှိစေရေးအတွက်      ဘဏ္ဍာရေး  လုပ်ထုံး လုပ်နည်းများနှင့်အညီ     စိစစ်သုံးစွဲရန်မှာကြားလို ကြောင်း၊ လုပ်ငန်းကော်မတီ၊  ဆပ်ကော်မတီအလိုက် လုပ်ငန်းများအောင်မြင်စွာ    ဆောင်ရွက်နိုင်ရေး အားသွန်ခွန်စိုက်       ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ပြောကြားပြီး  ဒေသကွပ်ကဲရေး မှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်   ဌာနဆိုင်ရာ အသီးသီးမှ   ၎င်းတို့ဆောင်ရွက်နေသည့်    ကဏ္ဍ အလိုက် ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် က  လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

             
ကိုဇင်(လွိုင်ကော်)