
နေပြည်တော် ဇွန် ၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇွန် ၁ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က လွိုင်လင်မြို့နယ် ပန်ဝိုး ကျေးရွာအုပ်စု ဟိုတင့်ကျေးရွာအနီးရှိ လွိုင်လင်-တောင်ကြီးသွား ကားလမ်းတွင် ကျော်ကျော်ခိုင် မောင်းနှင်လာသော Toyota Fielder အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၂၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား