
နေပြည်တော် ဩဂုတ် ၂၈
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ်၌ ငွေကျပ် ၁ ဒသမ ၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရ မိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖမ်းဆီးရမိ
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဩဂုတ် ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် လွိုင်လင် မြို့နယ် လွိုင်လင်-တောင်ကြီး ကားလမ်း ဟိုတင့်ကျေးရွာအနီး တွင် လွိုင်လင်မှ တောင်ကြီးသို့ ယာဉ်မောင်း စိုင်းလောဝ်လိုင်း (ခ) အိုက်လောဝ် မောင်းနှင်ပြီး စိုင်းလိန် (ခ) အိုက်လိန် လိုက်ပါ လာသည့် ၁၂ ဘီးယာဉ်ကို သတင်း အရရှာဖွေရာ ငွေကျပ် ၁ ဒသမ ၈ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၅၃ ဒသမ ၉၉ ကီလို၊ အိုက်စ် (မက်သ်အဖက်တမင်း) ၅၀ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်များအရ မွန်းလွဲ ၂ နာရီခွဲခန့်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်း ဆောင်ရွက်သူများ ဖြစ်ကြသည့် ကျင်းထန် (ခ) ရှီကျင်းထန်၊ ရန်ကျုံးဝေ (ခ) အားဝေ တို့ကို ယာဉ်နှင့်အတူ တောင်ကြီးမြို့နယ် ၄ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်း တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူ များအား စစ်ဆေး ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်
n