
နေပြည်တော် ဩဂုတ် ၄
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၃ ရက် ညနေ ၃ နာရီခွဲတွင် လှိုင်သာ ယာ (အနောက်ပိုင်း) မြို့နယ် (၉)ရပ်ကွက် စစ်ကိုင်းလမ်း အမှတ်(၄/ခ)ရှိ မျိုးဝင်းအောင် (ခ)ငမျိုး ၏နေအိမ်ကို သတင်းအရရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ ရဲအောင်(ခ)ဇေရဲ နှင့် ဆက်နိုင်တို့ နှစ်ဦးအားတွေ့ရှိပြီး ၎င်းတို့ဘေး ရှိ ကော်ခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၇၇၀ သိမ်းဆည်းရမိခဲ့ သဖြင့် ရဲအောင်(ခ)ဇေရဲ(၃၃ နှစ်)၊ ဆက်နိုင် (၃၄ နှစ်)နှင့် မျိုးဝင်း အောင်(ခ)ငမျိုး(ဖမ်းမမိ)တို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
သတင်းစဉ်