
နေပြည်တော် ဇန်နဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာ(အရှေ့ပိုင်း) မြို့နယ် မြန်မာတော်ဝင် ကျောက်စိမ်း စင်တာကုမ္ပဏီ၌ လောင်းကစား ဝိုင်း ဖွင့်လှစ်လုပ်ကိုင်နေသည့် ကုမ္ပဏီပိုင်ရှင်နှစ်ဦး၊ ဝန်ထမ်း ၉၆ ဦး၊ လောင်းကစားပြုလုပ်နေသူ ၆၂ ဦး စုစုပေါင်း ၁၆၀ တို့ကို လောင်းကြေးငွေကျပ်သိန်း ၂၄၉၀၊ ဆက်စပ်ပစ္စည်းများနှင့် အတူ ဇန်နဝါရီ ၂၅ ရက်က ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၅ ရက် ည ၉ နာရီက လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ညောင် ကျေးရွာ ပန်းလှိုင်ဂေါက်ကွင်း လမ်း အမှတ် (၁၅၄)ရှိ မြန်မာ တော်ဝင် ကျောက်စိမ်းစင်တာ ကုမ္ပဏီ၌ လောင်းကစားဝိုင်း ပြုလုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင် သောပူးပေါင်းအဖွဲ့က သွားရောက် ဖမ်းဆီးခဲ့ရာ “မြန်မာတော်ဝင်” ကျောက်စိမ်းစင်တာ ကုမ္ပဏီ၌ လောင်းကစားလုပ်ငန်းများ ဖွင့် လှစ် လုပ်ကိုင်နေသည့် ကုမ္ပဏီ ပိုင်ရှင်များဖြစ်သည့် လားရှိုးမြို့ (၁၂)ရပ်ကွက်နေ သိန်းအောင် (၄၂ နှစ်) နှင့် အောင်နိုင်ဝင်း (၄၃နှစ်)တို့ နှစ်ဦး၊ အဆိုပါကုမ္ပဏီ ရှိ လောင်းကစားလုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အမျိုးသား ဝန်ထမ်း ၄၅ ဦး၊ အမျိုးသမီး ၅၁ ဦး ပေါင်း ၉၆ ဦး၊ လောင်းကစား ပြုလုပ်နေသူ အမျိုးသား ၅၂ ဦး၊ အမျိုးသမီး ၁၀ ပေါင်း ၆၂ ဦး၊ စုစုပေါင်း ၁၆၀ တို့ကို ကာစီနိုစားပွဲ ဝိုင်း ၁၅ လုံး၊ ဖင်ထိုင်ခုံ ၇၅ လုံး၊ ဖဲချပ်မျိုးစုံ ၁၅၈၇ ချပ်၊ ငါးမန်း လောင်းကစားခုံ ခုနစ်ခုံ၊ မာကျောက် လောင်းကစားကိရိယာ ခြောက်စုံ၊ အန်စာတုံး ၁၀ လုံး၊ အန်စာတုံး ခေါက်ရာတွင် အသုံးပြုသည့် ပစ္စည်း ငါးစုံ၊ ဂဏန်းပေါင်းစက် ၁၅ လုံး၊ ငွေတန်ဖိုးများ ရေးသား ထားသော တုံကင်ပြား ၁၅၀၀၊ ကွန်ပျူတာမော်နီတာ ခုနစ်လုံး၊ ငွေရေစက်(အကြီး)တစ်လုံး၊ ငွေ ရေစက်(အသေး)တစ်လုံး၊ လောင်း ကြေးငွေ စုစုပေါင်းငွေကျပ်သိန်း ၂၄၉၀၊ အခြားဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထိုသို့ ကျောက်စိမ်းစင်တာ ကုမ္ပဏီအမည်ခံကာ လောင်း ကစားခြင်းများ လုပ်ကိုင်ခဲ့သည့် သိန်းအောင်နှင့် အောင်နိုင်ဝင်း ပါ နှစ်ဦးနှင့်အတူ ဖမ်းဆီးရမိသူ ၁၆၀ တို့ကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း(ပ)၉၈/၂၀၂၂၊ လောင်း ကစားဥပဒေပုဒ်မ ၁၈ (က)/၁၉ (က)ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သတင်းရရှိသည်။
သတင်းစဉ်