
နေပြည်တော် ဧပြီ ၂၃
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေ ကျော်စိုးထက် (ခ)ကျော်စိုး(ခ)ကျောင်း ဆရာ(ဘ)ဦးအောင်အောင်နှင့် ရဲရင့်ထူး(ခ)ရဲကြီး (ဘ) ဦးစန်းထွန်းတို့သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ဆန္ဒပြမှုများတွင် ပါဝင်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း၌ သင်တန်း တက်ရောက်ခဲ့ခြင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၉)ရပ်ကွက်အနီးရှိ ရဲကင်းစခန်းအပါ အဝင် အများပြည်သူများ သွားလာလျက်ရှိသည့် နေရာများကို လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းတို့ကြောင့်လည်းကောင်း၊ အဆိုပါ ရပ်ကွက်နေ ဌေးသန္တာ (ခ) ဌေးစန္ဒာ (ခ) ဌေးဌေး(ဘ)ဦးဘိုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဆန္ဒပြ မှုများတွင် ပါဝင်ခြင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင် ရွက်ရန် ကျော်စိုးထက်(ခ)ကျောင်းဆရာမှ ပေးအပ် သည့် လက်လုပ်မိုင်းများ လက်ခံသိမ်းဆည်းပေးခြင်း နှင့် အကြမ်းဖက်သင်တန်းတက်ရောက်ရန် ငွေကြေး ထောက်ပံ့မှုများကိုလုပ်ဆောင်ခဲ့ခြင်း တို့ကြောင့် လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ဈ)နှင့် ၅၀(ည)တို့အရ ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက် တွင် ၎င်းတို့ကို “ထောင်ဒဏ် တစ်သက်” ပြစ်ဒဏ်ကို အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရ သည်။
အလားတူ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်နေ ကျော် သီဟထွန်း (ခ) သီဟ (ဘ) ဦးသိန်းထွန်းသည် ၂၀၂၁ ခုနှစ် မတ် ၁၄ ရက်နှင့် ၁၅ ရက်တွင် အရိုး၊ ဟန်ဦး၊ ဖိုးသင်္ကြန်၊ နွယ်ထွန်း(ခ)လွယ်ထွန်း၊ ကြံ့ကြီး (ခ)ကျော်မိုးထက်၊ ဇော်မျိုးထက်၊ ကိုမင်း၊ အရှည်ကြီး (ခ) ဝတုတ်၊ ထွန်းထွန်းအောင်(ခ)ဘိုထွန်း(ခ)ဂျပန်ကြီး (ခ) ဝင်းနိုင်တို့နှင့်အတူ အမှတ် (၈) ရပ်ကွက် အောင် ရတနာလမ်းနေ ဦးသိန်းဦး(ခ)ဦးမြင့်ဌေးနှင့် ဦးမြသန်း(ခ)စွန်ရဲ တို့အား ဒလန်ဟုစွပ်စွဲ၍ ဝိုင်းဝန်း ရိုက်နှက်ခဲ့ကြပြီး တာယာကွင်း များပေါ်တင်၍ ဓာတ်ဆီလောင်း ၍ မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြင့် လူသတ်မှုကျူးလွန်ရာ၌ အားပေး ကူညီမှု ပြုခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၂)/၁၁၄ အရ ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်တွင် ၎င်းအား “အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၀ နှစ်” ပြစ်ဒဏ်ကို အမိန့်ချမှတ်လိုက်ကြောင်း သိရ သည်။
စစ်အုပ်ချုပ်ရေးအမိန့် ထုတ် ပြန်ကြေညာထားသည့် မြို့နယ် များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုး ကိုလည်း ပူးတွဲထုတ်ပြန်ထား ကြောင်းနှင့် အဆိုပါပြစ်မှုများ ကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ ထိထိရောက် ရောက် မြန်မြန်ဆန်ဆန် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်