
ဘေရွတ် စက်တင်ဘာ ၂၀
လက်ဘနွန်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ ပညာတတ်များ နိုင်ငံရပ်ခြားသို့ ထွက်ခွာသွား ခြင်းနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် လောင်စာဆီ ပြတ်လပ်ခြင်းတို့ကြောင့် ပြိုလဲမည့် အန္တရာယ်ရှိ သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက စက်တင်ဘာ ၁၉ ရက်တွင် သတိပေးခဲ့သည်။
ကျွမ်းကျင်သည့် ဆရာဝန် ၄၀ ရာခိုင်နှုန်းနှင့် သူနာပြု ၃၀ ရာခိုင်နှုန်းမှာ လက်ဘနွန်နိုင်ငံတွင်းမှ ယာယီ သို့မဟုတ် အမြဲတမ်းထွက်ခွာသွားသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ တက်ဒရို့စ်အက်ဒ်ဟာ နွန်ဂီဘရီယက်ဆု လက်ဘနွန်နိုင်ငံဘေရွတ်သို့ သွားပြီး နှစ်ရက်အကြာတွင် ယခုလိုကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လောင်စာဆီ ပြတ်တောက်ခြင်းကြောင့်လည်း ဆေးရုံအများစုတွင် ၅၀ ရာခိုင်နှုန်းသာ လည်ပတ် နိုင်သည်။ လူ့အသက်ကယ်သည့် ဆေးဝါးများမှာ လည်း ပြတ်တောက်မှုနှင့်ရင်ဆိုင်နေရသည်။
နိုင်ငံခြားငွေ ကန့်သတ်ချက်များကြောင့် နိုင်ငံ ရပ်ခြားမှ ဆေးဝါးနှင့်ဆေးပစ္စည်းများ တင်သွင်းရန် အကန့်အသတ်များရှိနေသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက လက်ဘနွန်နိုင်ငံကို ဆက်လက်ကူညီ ထောက်ပံ့ပေးသွားမည်ဟု ထပ်လောင်း ပြောကြားခဲ့ သည်။
ဆင်ဟွာ