
ဘေရွတ် အောက်တိုဘာ ၈
လက်ဘနွန်နိုင်ငံတွင် ဆောင်း မဝင်မီ ကိုဗစ် - ၁၉ ကာကွယ်ဆေး အရှိန်တိုးမြှင့် ထိုးနှံပေးနိုင်ရေး အတွက် နောက်ထပ်ကာကွယ် ဆေးများ ထပ်မံရရှိမည်ဟု အောက်တိုဘာ ၇ ရက်တွင် လက်ဘနွန် ကျန်းမာရေးဝန်ကြီး ဖရက်ဇ်အာဘီရက်က ပြောသည်။
ပြင်သစ်နိုင်ငံသည် ဖိုက်ဇာ ကာကွယ်ဆေးအလုံးရေ ၅၀၀၀၀၀ ကိုလှူဒါန်းသွားရန် သဘောတူ ထားသည်ဟု သတင်းစာရှင်းလင်း ပွဲတွင် ၎င်းက ပြောကြားခဲ့သည်။
နောက်ထပ် ကိုဗစ် - ၁၉ ကာကွယ် ဆေး တစ်သန်းထပ်မံ ဝယ်ယူရန် အတွက်လည်း လက်ဘနွန်နိုင်ငံ သည် ကမ္ဘာ့ဘဏ်နှင့် သဘောတူ ထားသည်။ လက်ဘနွန်လူဦးရေ ၏ ၂၆ ဒသမ ၇ ရာခိုင်နှုန်းကို ကိုဗစ်- ၁၉ ကာကွယ်ဆေးအပြည့် ထိုးထားပေးပြီး ဖြစ်ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီး ဌာနက ပြောသည်။
လက်ဘနွန် နိုင်ငံတွင် ကပ်ရောဂါကူးစက်မှု အခြေအနေမှာ အကောင်းဘက်သို့ ဦးတည်လာပြီဖြစ်ပြီး ဆောင်း ရာသီတွင် နောက်ထပ်ကူးစက်မှု လှိုင်းမဖြစ်ပေါ်မီ ကာကွယ် ဆေးကို တိုး၍ထိုးပေးရမည်ဟု ကျန်းမာရေးဝန်ကြီးက ပြောသည်။
လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာန၏ ဖော်ပြချက်အရ လက်ဘနွန်နိုင်ငံတွင် ကိုဗစ်- ၁၉ ကူးစက်ခံရသူပေါင်း ၆၂၈၂၄၁ ဦး ရှိပြီး သေဆုံးသူ ၈၃၇၅ ဦး ရှိ သည်ဟု သိရသည်။
ဆင်ဟွာ