လက်ဘနွန်နိုင်ငံ၌ လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်‌ပေါ်

 

ဘေရွတ်  အောက်တိုဘာ  ၁၀


လက်ဘနွန်နိုင်ငံတွင်        အဓိက ဓာတ်အားပေးစက်ရုံကြီးနှစ်ရုံ လောင်စာ ပြတ်တောက်မှုကြောင့်       မလည်ပတ် နိုင်သည့်အတွက်     အောက်တိုဘာ ၉ ရက်မှစတင်က လျှပ်စစ်မီး  ပြတ်တောက် ခဲ့သည်ဟု    သိရသည်။ 


လာမည့်ရက်   အနည်းငယ်အတွင်း  လျှပ်စစ်ဓာတ်အားပေးမှုမှာ လုပ်ဆောင် နိုင်ဦးမည်မဟုတ်ဟု   အစိုးရသတင်း အေဂျင်စီနှင့် မီဒီယာများတွင်   ဖော်ပြ ကြသည်။ 
လက်ဘနွန်နိုင်ငံ၏   စီးပွားရေးမှာ    စိုးရိမ်စရာကောင်းသည့်   အခြေအနေ တွင်    ရှိနေသည်။   ၂၀၂၀    ပြည့်နှစ် မတ်လအတွင်းမှစတင်ကာ ဘဏ္ဍာရေး အကျပ်အတည်းများနှင့်    ရင်ဆိုင်ခဲ့ရသည်။


ကိုဗစ်-၁၉  ကူးစက်ပျံ့နှံ့မှုများနှင့် မြို့တော်  ဘေရွတ်တွင်   ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းက  ပေါက်ကွဲမှုကြီး ကြောင့်   စီးပွားရေးကို  ပိုမိုထိခိုက် စေခဲ့သည်။  နိုင်ငံခြားငွေ  ပြတ်တောက် ခြင်းကြောင့်လည်း        ဓာတ်ငွေ့နှင့်     ရေနံတင်သွင်းမှုတွင်     အတားအဆီး များနှင့်  ကြုံတွေ့ခဲ့ရသည်။


ယင်းမှတစ်ဆင့်         ဓာတ်အား ထောက်ပံ့ပေးမှု     ပြတ်တောက်သည် အထိ    ထိခိုက်ခဲ့ရသည်။    ဘေရွတ် မြို့လယ်တွင်  နေထိုင်ကြသည့်  ဒေသခံ များပင်လျှင် ယခုနှစ်အစပိုင်းမှ   စတင်ကာ   တစ်နေ့လျှင်      နာရီ အနည်းငယ်သာ လျှပ်စစ်မီးရရှိသည်။


စက်တင်ဘာလ         အတွင်းကမှ ဖွဲ့စည်းခဲ့သည့်      အစိုးရသည်လည်း စီးပွားရေး   ပြန်လည်တည်ဆောက်ရေး အတွက် အခက်အခဲများနှင့်  ကြုံတွေ့ နေရသည်။                

အင်န်အိတ်ချ်ကေ