
ပရီမီယာလိဂ် ပွဲစဉ် (၁၁) မှ လက်စတာနှင့် ခရစ္စတယ် ပဲလေ့စ် အသင်းတို့ ပွဲစဉ်တွင် အပြန် အလှန်ထိုးဖောက် တိုက်စစ်ဆင်မှု များဖြင့် အကြိတ်အနယ်ရှိခဲ့သော် လည်း ပွဲပြီးဆုံးချိန်တွင် ဂိုးမရှိ သရေဖြင့်သာ အဆုံးသတ်ခဲ့ သည်။
လက်စတာအသင်းက ယခုပွဲ သရေကျမှုကြောင့် ရမှတ် ငါးမှတ် ဖြင့် တန်းဆင်းဇုန်အတွင်းသာ ရပ်တည်နိုင်ခဲ့သည်။ လက်စတာ အသင်းအနေဖြင့် ပဲလေ့စ်အသင်း ကို ဂိုးကန်သွင်းခွင့်အသာ၊ ခြေ အသာဖြင့် ကစားနိုင်ခဲ့သော် လည်း ရရှိလာသည့် အခွင့်အရေး များကို အသင်းကစားသမား များ အဆုံးသတ်မသေချာသည့် အတွက် နိုင်ပွဲနှင့် ဝေးကွာခဲ့ခြင်း ဖြစ်သည်။
အခြားသော ပွဲစဉ်ရလဒ် များတွင် ဝုဖ်က နော်တင်ဟမ်ကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သလို ဘရန့်ဖို့ဒ်က ဘရိုက်တန်ကို နှစ်ဂိုး ပြတ် အနိုင်ရရှိခဲ့သည်။ ဖူလ်ဟမ် နှင့် ဘုန်းမောက်အသင်းတို့ ပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီဖြင့် ပွဲ ပြီးဆုံးခဲ့သည်။
အောင်ဇော်