
နေပြည်တော် အောက်တိုဘာ ၂၁
လက်နက်ကိုင်ပဋိပက္ခအတွင်းကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီး ရေးကော်မတီ၏ ဆဋ္ဌမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
လုပ်ငန်းစီမံချက်အတည်ပြုပြီး
အစည်းအဝေးတွင် လက်နက် ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ် များအပေါ် ကြီးလေးသော ကျူးလွန်မှု များမှ ကာကွယ်တားဆီးရေး ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေ ထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေး အမျိုးသား အဆင့် လုပ်ငန်းစီမံချက် (၂၀၂၀-၂၀၂၁) ကို နိုင်ငံတော်သမ္မတရုံးမှ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၀ ရက်တွင် အတည်ပြုပြီး ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၉ ရက်တွင် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေး သော ကျူးလွန်မှုများမှ ကာကွယ် တားဆီးရေး လုပ်ငန်းကော်မတီ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေး ကို ကျင်းပခဲ့ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၁ ရက်တွင်လည်း လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေး သော ကျူးလွန်မှုများမှ ကာကွယ် တားဆီးရေး လုပ်ငန်းကော်မတီနှင့် UNICEF တို့ တွေ့ဆုံညှိနှိုင်းအစည်း အဝေးကို ကျင်းပခဲ့ပါကြောင်း။
ညွှန်ကြားချက်များထုတ်ပြန်
ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပြန်လည် ထူထောင်ရေးဦးစီးဌာနတွင် တိုင်ကြား မှုများ လက်ခံစိစစ်ရေးရုံးအဖွဲ့ ဖွဲ့စည်း ခြင်း၊ တိုင်ကြားနိုင်သည့် ဖုန်းနံပတ် များနှင့် အီးမေးလ်လိပ်စာများကို အသိပေးထုတ်ပြန်ခြင်း၊ တိုင်ကြားနိုင် ရန်အတွက် အမျိုးသားအဆင့်လုပ်ငန်း စီမံချက်အား နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ ၊ လွှတ်တော်ရုံးများ၊ အခြားအဖွဲ့ အစည်းများဖြစ်သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီများသို့ ဖြန့်ဝေထားပြီး ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှု တစ်ရပ်အနေ ဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၅ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ တိုင်း/ တပ်မ/ ကွပ်ကဲမှုဌာနချုပ်များသို့ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေ ထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုများ မပြုလုပ်စေရန်နှင့် တပ်မတော်သား များအနေဖြင့် ကျူးလွန်ခြင်းများ ဖြစ်ပွားလာပါက စစ်စည်းကမ်းအရ ထိရောက်စွာ အရေးယူသွားမည်ကို ထပ်ဆင့်ညွှန်ကြားထားပြီး ဖြစ် ကြောင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ လည်း ညွှန်ကြားချက်များ ထုတ်ပြန် ထားပြီးဖြစ်ကြောင်းကို သိရှိရပါ ကြောင်း။
လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေး သော ကျူးလွန်မှုများမှ ကာကွယ် တားဆီးရေးအတွက် အဓိကကျသည့် လုပ်ငန်းစဉ်တစ်ရပ်လည်း ဖြစ်ပါ ကြောင်း၊ အမျိုးသားအဆင့်လုပ်ငန်း စီမံချက် (၂၀၂၀- ၂၀၂၁) အရ ဖွဲ့စည်း မည့် စောင့်ကြည့်စစ်ဆေးရေးနှင့် အကဲဖြတ်ရေး လုပ်ငန်းကော်မတီ (Monitoring and Evaluation Committee) ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်း တာဝန်များကို အတည်ပြုနိုင်ရန် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေး သော ကျူးလွန်မှုများမှ ကာကွယ် တားဆီးရေးအတွက် IEC Material များကို ဖြန့်ဝေနိုင်ရန် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် UNICEF တို့ လက်မှတ် ရေးထိုးထားသည့် Multi - Year Work Plan အောက်မှ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းနှင့် လက်နက် ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ် များအပေါ် သေကျေထိခိုက်ဒဏ်ရာရ စေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုများမှ ကာကွယ်တားဆီး နိုင်ရေး အမျိုးသားအဆင့် လုပ်ငန်း စီမံချက် (၂၀၂၀- ၂၀၂၁) အား အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် တိုးတက်မှုရှိရန် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြော ကြားသည်။
ရှင်းလင်းပြောကြား
ထို့နောက် လက်နက်ကိုင်ပဋိပက္ခ အတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီ အတွင်းရေးမှူး၊ ပြန်လည်ထူထောင် ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် ကြီးလေးသော ကျူးလွန်မှုများ မှ ကာကွယ်တားဆီးရေးကော်မတီ၏ ဆောင်ရွက်ထားရှိမှုများနှင့် အမျိုးသားအဆင့်တိုင်ကြားမှုယန္တရားအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများ ကို ရှင်းလင်းပြောကြားသည်။
လုပ်ငန်းစဉ်များကိုဆွေးနွေး
ယင်းနောက် တက်ရောက်လာသူ များက လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေ ထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေး အမျိုးသား အဆင့် လုပ်ငန်းစီမံချက် (၂၀၂၀-၂၀၂၁) အား အကောင်အထည်ဖော် နိုင်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြ သည်။
အဆိုပါ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြား ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ကိုယ်စား လှယ်များ တက်ရောက်ကြသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက သတ်မှတ်ထားသော လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် ကြီးလေးသောကျူးလွန်မှု (၆)ရပ် (Six Grave Violations) ဖြစ်သည့် ကလေးသူငယ်များအား သေကျေထိခိုက်ဒဏ်ရာ ရစေခြင်း၊ အရွယ်မရောက်သေးသူများအား လက်နက်ကိုင်အဖွဲ့များသို့ စုဆောင်း ခြင်း၊ ကျောင်းနှင့် ဆေးရုံများအား တိုက်ခိုက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်ခြင်း၊ ကလေး သူငယ်များအား ပြန်ပေးဆွဲခြင်းနှင့် ကလေးသူငယ်များအား လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပိတ်ပင်ခြင်းတို့ကို ကာကွယ်တားဆီးရန် အတွက် ရည်ရွယ်ပြီး “လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် ကြီးလေးသော ကျူးလွန်မှု များမှ ကာကွယ်တားဆီးရေး ကော်မတီ” ကို နိုင်ငံတော်အစိုးရက ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်