လင်မယားချင်းစကားများ ရန်ဖြစ်ကာ နေအိမ်ကိုမီးရှို့မှု သာစည်မြို့နယ်တွင်ဖြစ်ပွား

 

နေပြည်တော်   ဇန်နဝါရီ    ၉


မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်၌  ဇန်နဝါရီ  ၈  ရက်က လင်မယားချင်း စကားများရန်ဖြစ်ကာ နေအိမ်ကို မီးရှို့မှုဖြစ်ပွားသည်။ 

 


ဇန်နဝါရီ   ၈  ရက်  ည  ၇  နာရီ  ၄၅  မိနစ်က  သာစည်မြို့နယ် ရွာကြီးကုန်းကျေးရွာရှိ    ဦးညွန့်လှိုင်   (၄၅)   နှစ်၏   နေအိမ်တွင် အိမ်စောင့်အဖြစ် နေထိုင်သူ သိန်းဇော် (၄၄) နှစ်သည် အရက်သေစာ သောက်စားမူးယစ်ပြီး ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်ကာ ဦးညွန့်လှိုင် ၏   နေအိမ်ကို   မီးရှို့ခဲ့သောကြောင့်   မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ   မြို့နယ်မီးသတ်ဦးစီးဌာနမှ    မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဟံဇားရဲကင်းစခန်းမှ     တပ်ဖွဲ့ဝင်များပါဝင်သော     ပူးပေါင်းအဖွဲ့က သွားရောက်ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီခွဲတွင် မီးငြိမ်းသွား ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ သဖြင့် ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။                          

ရဲပြန်ကြား