
ဘာလင် စက်တင်ဘာ ၃၀
တိရစ္ဆာန်မှတစ်ဆင့် လူသို့ ကိုရိုနာဗိုင်းရပ်စ် သစ် ကူးစက်ပျံ့နှံ့မှုသည် ယခင်ထင်ထား သည်ထက် အရှေ့တောင်အာရှတွင် ပို၍ ဖြစ်နိုင်ကြောင်း ဂျာမန်မီဒီယာတွင် ဖော်ပြ ခဲ့သည်။
ကူးစက်ပျံ့နှံ့နိုင်မှုပိုများ
တွေ့ရှိချက်သက်သေများအရ တချို့ ဆားစ်နှင့်ဆက်စပ်သော ကိုရိုနာဗိုင်းရပ်စ် (SARSr-CoVs) လင်းနို့များသည် လူသို့ တိုက်ရိုက်ရောဂါကူးစက်မှု ဖြစ်ပွားနိုင် ကြောင်းနှင့် ၎င်းတို့၏ တခြားနေရာသို့ ကူးစက်ပျံ့နှံ့နိုင်မှုသည် ယခင်တွေ့ရှိထား သည်ထက် ပို၍များကြောင်း EcoHealth Alliance မှ ဆဲလ်စီလီယာဆန်ချက် ဦးဆောင်သည့် လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။
လင်းနို့များမှ ရောဂါကူးစက်
လင်းနို့များ၏ အကောင်ရေ ပျံ့နှံ့ သိပ်သည်းမှုနှင့် ကိုက်ညီသည့်အချက် အလက်အရသော်လည်းကောင်း ဖြစ်နိုင် ခြေရှိသော လူသားများနှင့် တိရစ္ဆာန် အလေ့အထနှင့် အပြုအမူထပ်တူကျမှုများ အရသော်လည်းကောင်း အရှေ့တောင် အာရှတွင် နှစ်စဉ်နှစ်တိုင်း ဆားစ်နှင့် ဆက်စပ်သော ကိုရိုနာဗိုင်းရပ်စ် (SARSr-CoVs) လင်းနို့များမှ ရောဂါကူးစက်ဖြစ်ပွား မှု ၄၀၀၀၀၀ နီးပါးရှိကြောင်း သုတေသီ များက ပြောသည်။
လင်းနို့မျိုးစိတ်ပေါင်း ၂၃ မျိုးရှိ
တရုတ်နိုင်ငံတောင်ပိုင်းနှင့် အရှေ့ တောင်အာရှတွင် ဆားစ်နှင့်ဆက်စပ်သော ကိုရိုနာဗိုင်းရပ်စ်များကို သယ်ဆောင်သည့် လင်းနို့မျိုးစိတ်ပေါင်း ၂၃ မျိုးရှိကြောင်းနှင့် ၎င်းတို့သည် လူပေါင်း ၄၇၈ သန်းနေထိုင် သော စတုရန်း ကီလိုမီတာ ၄ ဒသမ ၅ သန်းနီးပါးကို ဖြန့်ကြက်လွှမ်းခြုံလျက် ရှိကြောင်း သိရသည်။
ဆင်ဟွာ