
ဂျိုဟန်နက်စ်ဘာ့ဂျ် နိုဝင်ဘာ ၅
ဝစ်ထ်ဝါးတားစတန်းတက္ကသိုလ်နှင့် အခြား သော တက္ကသိုလ် ၁၃ ခုမှ သုတေသီများ ပါဝင် သည့် အဖွဲ့တစ်ဖွဲ့သည် လွန်ခဲ့သည့်နှစ်ပေါင်း ၂၅၀၀၀၀ နီးပါးခန့်က သေဆုံးခဲ့သော ကလေးငယ်၏ ဦးခေါင်းနှင့် သွားအစိတ်အပိုင်း များကို တွေ့ရှိခဲ့ကြောင်း နိုဝင်ဘာ ၄ ရက်တွင် ကြေညာခဲ့သည်။
အဆိုပါကလေးငယ်မှာ အသက်လေးနှစ်မှ ခြောက်နှစ်ကြားရှိမည်ဟု ခန့်မှန်းရသည်။ ဦးခေါင်းခွံအစိတ်အပိုင်းကို တောင်အာဖရိကရှိ ရုပ်ကြွင်းများနှင့် ရှေးဦးလူသားများ၏အကြွင်း အကျန်များ အများဆုံးတွေ့ရှိရာနေရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သုတေသနအဖွဲ့ ခေါင်းဆောင် လီရော်ဂျာ ဘာဂါက ပြောသည်။
အဆိုပါနေရာမှာ ဂျိုဟန်နက်စ်ဘာ့ဂျ် မြို့အနီး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် နေရာလည်းဖြစ်သည်။
ဆင်ဟွာ