လျှပ်စစ်ကားများထုတ်လုပ်ရေးအတွက် နစ်ဆန်းကုမ္ပဏီ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံရင်းနှီးမြှုပ်နှံသွားမည် 


 

 

တိုကျို   နိုဝင်ဘာ   ၂၉
နစ်ဆန်းကုမ္ပဏီသည် လာမည့်ငါးနှစ်တာကာလအတွင်းဘက်ထရီနှင့် လျှပ်စစ်ကားများ  ထုတ်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၇ဘီလီယံကျော် ရင်းနှီးမြှုပ်နှံသွားရန် အစီအစဉ်ရှိသည်ဟု ပြောသည်။ 
နှစ်ရှည်စီမံကိန်းနှင့်  ပတ်သက်၍   နိုဝင်ဘာ ၂၉ ရက်တွင် နစ်ဆန်းကုမ္ပဏီက   ယခုလို ပြောကြား ခဲ့ခြင်းဖြစ်သည်။ နစ်ဆန်းကုမ္ပဏီသည် ၂၀၂၆   ခုနှစ် ဘဏ္ဍာနှစ်တွင် စွမ်းအင်နှစ်မျိုးသုံးကားအပါအဝင်   လျှပ်စစ်ကားများကို  ဥရောပတွင်  ၇၅    ရာခိုင်နှုန်း အထိ ကားသစ်ရောင်းချနိုင်ရေး စီစဉ်ထားသည်။ ဂျပန်နိုင်ငံအတွင်း ၅၅ ရာခိုင်နှုန်း  ရောင်းချနိုင်ရေး    လျာထားပြီး တရုတ်နိုင်ငံအတွက်မူ ၄၀   ရာခိုင်နှုန်း ရောင်းချနိုင်ရန်  သတ်မှတ်ထားသည်။ ၂၀၃၀ ပြည့် နှစ်၌ လျှပ်စစ်ကားများ အပြည့်အဝ ထုတ်လုပ်နိုင် သည့်အခါ    အမေရိကန်ပြည်ထောင်စုတွင်    ၄၀ ရာခိုင်နှုန်းကျော် ရောင်းချနိုင်ရေးရည်ရွယ်ထားသည်။ နစ်ဆန်းကုမ္ပဏီ    ဥက္ကဋ္ဌနှင့်   စီအီးအိုဖြစ်သူ    ယူချီဒါမာကိုတိုကလည်း လျှပ်စစ်ကားထုတ်လုပ် ရေးတွင်  အာရုံစိုက်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။                                   အင်န်အိတ်ချ်ကေ