လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ

နေပြည်တော်    မေ   ၃၀ 
အမျိုးသားအဆင့်  လျှပ်စစ်သုံးယာဉ်နှင့်  ဆက်စပ်လုပ်ငန်းများ  ဖွံ့ဖြိုး တိုးတက်ရေးဦးဆောင်ကော်မတီ၏  ခွင့်ပြုချက်  Essential Motors Co., Ltd. မှ တင်သွင်းလာသော  တရုတ်နိုင်ငံထုတ်  BYD ATTO 3 EV အမျိုးအစား   လျှပ်စစ်သုံး  မော်တော်ယာဉ်များနှင့်   Qingdao CRRC Sifang Rolling Stock Co.,Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Toyota bZ4X အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်း နှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။             သတင်းစဉ်