လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

နေပြည်တော်  ဇွန်  ၂၀
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Super Seven Stars Motors Industry Co., Ltd. မှ တင်သွင်းလာ‌သော ကိုရီးယား နိုင်ငံထုတ် KIA EV-6 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Win Motor Myanmar Co.,Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် FAW VOLKSWAGEN ID-4 နှင့် LIVAN MAPLE 60S  အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ၊ Earth Renewable Energy Co.,Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် WULING BINGO အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Grand Sirius Co.,Ltd. မှ တင်သွင်း လာသည့်  တရုတ်နိုင်ငံထုတ်  NETA  AYA  အမျိုးအစား  လျှပ်စစ်သုံး မော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့်  ယနေ့တွင်   လုပ်ထုံးလုပ်နည်းနှင့်အညီ   ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိသည်။
သတင်းစဉ်