
နေပြည်တော် ဩဂုတ် ၉
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Super Seven Stars Automotive Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် IM-LS7 နှင့် IM-LS6 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Grand Sirius Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် NETA X ၊ NETA V နှင့် NETA AYA အမျိုးအစား လျှပ်စစ်သုံးမော်တော် ယာဉ်များ၊ Yaung Ni Oo Automobile Co., Ltd. မှ တင်သွင်းလာသော တရုတ် နိုင်ငံထုတ် DFSK Mini EV အမျိုးအစား လျှပ်စစ်သုံးမော်တော် ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့ တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်