လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် အားသွင်းစက်များ တင်သွင်းရောက်ရှိ

 

နေပြည်တော်   ဩဂုတ်    ၁


အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Myanmar Arr  Thit Man Motor Co., Ltd. မှ တင်သွင်းလာသော  တရုတ်နိုင်ငံထုတ် FAW BESTUNE NAT E05 အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များ၊   Aung   Gabar Motor Services Co., Ltd. မှ    တင်သွင်းလာသော  တရုတ်နိုင်ငံထုတ် BAIC ARCFOX ALPHA S နှင့် ARCFOX အမျိုးအစား  လျှပ်စစ်သုံးယာဉ် အားသွင်းစက်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ လာသဖြင့်     ယနေ့တွင်   လုပ်ထုံးလုပ်နည်းနှင့်အညီ  ထုတ်ယူခွင့်ပြုခဲ့ ကြောင်း သိရသည်။                                  

သတင်းစဉ်