လှပတဲ့အနာဂတ်

Type

ထွန်းထွန်း(ခရေရိပ်)

===========

“လူ့ခန္ဓာကိုယ် တစ်ခုလုံးမှာ 
 တန်ဖိုးအရှိဆုံး အရာဟာ 
 စိတ်ကောင်းပါ” လို့ တိပိဋကယောဆရာတော် အရှင်သီရိန္ဒာဘိဝံသက မိန့်ဆိုခဲ့ပါတယ်။
လူတွေဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းတရားလေးပါးအပေါ်မှာ   တည်မှီပြီး အသက်ရှင်သန်နေကြခြင်းဖြစ်ပါတယ်။ ကံဆိုတာ အပြုအမူ၊ အနေအထိုင်၊ အပြောအဆို၊ အလုပ်အကိုင်၊ ကိုယ်ကျင့်တရား စာရိတ္တသီလ၊ ဝါရိတ္တသီလ လုံခြုံ အောင် စောင့်ထိန်းတာ၊ ကျန်းမာရေးစည်းကမ်းတွေ နဲ့အညီ နေထိုင်တာ၊ စေတနာကောင်း ရည်ရွယ်ချက် ကောင်းရှိတဲ့ အလုပ်ကိုပြုလုပ်တာပဲ ဖြစ်ပါတယ်။ 

လမ်းကြောင်းအမှန်က သွေဖည်အောင်

စိတ်ဆိုတာက သိမှုသဘောပါ။ စိတ်က အာရုံ အပေါ်ညွှတ်ပြီး လိုချင်လောဘဖြစ်တဲ့အခါ ဖြစ်ပါ တယ်။ အလိုမကျတဲ့အာရုံနဲ့တွေ့တဲ့အခါ အမျက် ထွက်ခြင်း၊ ဒေါသဖြစ်ချင်ဖြစ်တယ်။ ဝေခွဲရခက်တဲ့ မသိမှုမောဟကြောင့် စိတ်ထင်ရာပြုလုပ်မိမှားတတ် ပါတယ်။ ချစ်ခြင်း၊ မုန်းခြင်း၊ ရဲဝံ့ခြင်း၊ ကြောက်ရွံ့ခြင်း၊ တွေးတောဆင်ခြင်ခြင်း၊ စဉ်းစားခြင်း၊ အမှားသိခြင်း၊ အမှန်မြင်ခြင်း စတာတွေမှာ မောဟဆိုတဲ့ အမိုက် မှောင်က    ဖုံးလွှမ်းပြီး  လမ်းကြောင်းအမှန်က သွေဖည်အောင် စေ့ဆော်တိုက်တွန်းပါတယ်။ 


အသက်ရှည်တဲ့ပုဂ္ဂိုလ်တွေဟာ အများအားဖြင့် သီလကောင်းပြီး ကောင်းခြင်း၊ ဆိုးခြင်း ကြုံလာ သမျှကို ယောနိသော မနဿီကာယ အသင့်အတင့် နှလုံးသွင်းတတ်ကြ‌တာကို  တွေ့ရပါတယ်။  လူ့ အသက်တစ်ချောင်းဟာ ငွေရှိတိုင်းလည်း အသက် မရှည်တတ်ကြပါဘူး။ ငွေရှိတယ်၊ ဩဇာအာဏာ ရှိတယ်၊     အဆက်အသွယ်ကောင်းတွေလည်း ပိုင်ဆိုင်တယ်။   ဒါပေမဲ့   အချိန်မီမရောက်လို့၊ ဆေးဝါးပစ္စည်းမရလိုက်လို့   စသဖြင့်  အကြောင်း မညီညွတ်တော့ တိမ်းပါးသွားခဲ့ရတာမျိုးတွေလည်း ရှိတတ်ပါတယ်။ 


ယခုအချိန်မှာ ကိုဗစ် - ၁၉ ကပ်ရောဂါဆိုးကြီးက တစ်ကမ္ဘာလုံးကို ဝင်ရောက်မွှေနှောက်နေပါတယ်။ ဆင်းရဲချမ်းသာမရွေး၊   ကျေးလက်မြို့ပြမရွေး မထင်မှတ်ဘဲ ကူးစက်ကပ်ငြိပြီး အသက်ပေးနေရပါ တယ်။ အချို့နိုင်ငံတွေမှာဆိုရင် အလောင်းတွေပုံနေ တာ ကမ္ဘာ့သတင်းတွေမှာ ကြောက်ခမန်းလိလိ မြင်တွေ့နေရပါတယ်။  ကပ်ရောဂါဘေးဆိုးကြီး ကြောင့်  သေခြင်းတရားက လူမျိုး၊ ဘာသာ၊ အသက် အရွယ်၊ ကျား၊ မ မရွေးကို  ခြောက်လှန့်နှိပ်စက်နေ ပါတယ်။ 
လူတွေကို စိတ်ကောင်းနှလုံးကောင်းထားကြဖို့ သတိသံဝေဂပေးနေသလိုလည်း ဖြစ်ပါတယ်။ သတိ တမံ၊ ဉာဏ်မြေကတုတ်၊ ပညာစွန်း ချွန်းကဲ့သို့အုပ်ပြီး လူတိုင်းက  မိမိတို့ရဲ့စိတ်  မကောင်းတဲ့ဘက်ကို မတိမ်းညွှတ်အောင် စောင့်ထိန်းနေထိုင်သင့်လှပါ တယ်။ နေရသမျှ လူ့ဘဝအချိန် တိုတိုလေးအတွင်းမှာ ဟိုလူ့ရန်လုပ်၊ ဒီလူ့မုန်းတီး၊ တိုက်ခိုက်၊ သတ်ဖြတ်၊ နှိပ်စက်၊ အနိုင်ကျင့်၊ အကြမ်းဖက်တဲ့လုပ်ရပ်ဟာ ဖယောင်းတိုင်ကို နှစ်ဖက်မီးညှိပြီး ကိုင်ထားလို့ မိမိ ကိုယ်ကို လောင်မြိုက်စေတာနဲ့ တူပါတယ်။ 
စာနာထောက်ထားမှုကင်းမဲ့


အသက်ရှင်နေရသမျှ   လူ့ဘဝကို   တန်ဖိုးမဲ့ အောင်၊ ဖြုန်းတီးဖျက်ဆီးနေတဲ့ အသိဉာဏ်နည်းသူ တွေကိုလည်း လူမှုအသိုက်အဝန်းမှာ တွေ့မြင်နေရ တယ်။ ဆင်ခြင်တုံတရားနည်းပါးအောင်၊ အမှောင် ထုထဲ နစ်မွန်းအောင် မှိုင်းတိုက်နေကြသူ၊ လူဆိုး လူယုတ်တွေကိုလည်း အံ့ဩမိပါတယ်။ အကောင်း အဆိုး၊ အကျိုးအပြစ်ကို ကိုယ်တိုင်မဝေခွဲတတ်ရုံ မျှမက မိမိပတ်ဝန်းကျင်မှာရှိတဲ့ လူတွေ၊ ကိုယ့်ဇာတိ၊ ရပ်ရွာ၊  မြို့နယ်၊  ကိုယ့်လူမျိုး၊   ကိုယ့်နိုင်ငံထဲက ဆွေမျိုးသားချင်းတွေကို     ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးမထိုးရအောင် ခြိမ်းခြောက်၊ ဗုံးခွဲ၊ သတ်ဖြတ်တယ်ဆိုတာက   လူလူချင်း    စာနာ ထောက်ထားမှု ကင်းမဲ့လှပါတယ်။


လူ့ကျင့်ဝတ်ပျက်ပြား၊  အမှားကြီးမှား


တိုင်းပြည်နဲ့ လူမျိုးကို အကျိုးရှိအောင် မလုပ် ချင်နေပါ။ အကျိုးမဲ့ဖျက်ဆီး၊ သတ်ဖြတ်၊ နှိပ်စက် တာကတော့    လူ့ကျင့်ဝတ်ပျက်ပြား၊  အမှားကြီး မှားပါတယ်။ လက်နက်အားကိုးနဲ့ ဆိုးရွားရက်စက် လှတဲ့၊ မိုက်မဲတဲ့ယုတ်မာမှုဖြစ်သွားပြီ။ အဟိတ် တိရစ္ဆာန် စိတ်ထားမျိုး ရိုင်းစိုင်းသွားခဲ့ပြီ။ ဆင်၊ မြင်း တွေတောင်မှ  သင်ပြလေ့ကျင့်ပေးရင်   အသက် ထက်ဆုံး လိမ္မာယဉ်ကျေးပြီး ဆင်ရတနာ၊ မြင်းရတနာ တွေအဖြစ် လူသားတွေကို အကူအညီပေး၊ အကျိုး ပြုကြပါတယ်။ 
တိုင်းပြည်အကျိုးကို  မသယ်ပိုးနိုင်တဲ့အပြင် ကိုယ့်နိုင်ငံသားအချင်းချင်း   တိုက်ခိုက်သေကျေ အောင် အကြမ်းဖက်တဲ့သူကိုတော့   မိမိတို့ဌာနေ ပြည်သူလူထုက သေသေချာချာ ခွဲခြားကြည့်ရှုပြီး လက်ဦးအောင် ဟန့်တားဖို့လိုအပ်နေပါပြီ။ သံယောဇဉ် ဖြတ်ဖို့ အချိန်ရောက်လာပါပြီ။ ဒုက္ခပေးခဲ့တာတွေကို သိမြင်နားလည်ဖို့ အချိန်ရောက်ပါပြီ။


မြန်မြန်ရှင်းမှ ဘေးကင်း


ဗကပ၊   အလံနီ၊  ကေအင်ဒီအို၊ မူဂျာဟစ်၊ ကူမင်တန်၊ ပြည်ပြေး စတဲ့လက်နက်ကိုင်သောင်းကျန်း သူအဖွဲ့အမျိုးမျိုးဟာ အစပိုင်းမှာ မစားရ ဝခမန်း ဝါဒဖြန့်ကောင်းလို့    ပြည်သူအချို့က  အားပေး ထောက်ခံခဲ့ပါသေးရဲ့။ ကြာကြာဝါးတော့ ခါးမှန်းသိ ဆိုသလို နိုင်ငံသူ နိုင်ငံသားတွေအပေါ် လက်နက် အားကိုးနဲ့ အနိုင်ကျင့်ဗိုလ်ကျ၊ တရားလက်လွတ် နှိပ်စက်တာတွေ များလာတာနဲ့အမျှ ပြည်ထောင်စု သား၊ လူထုကိုယ်တိုင်က ဓား၊ လှံ၊ ဒူးလေး စတဲ့ရရာ လက်နက်နဲ့  ခုခံကာကွယ် တိုက်ခိုက်ကြတဲ့အခါ လုံးဝပျက်သုဉ်းချုပ်ငြိမ်းသွားခဲ့ကြပါတယ်။ မြန်မြန် ရှင်းမှ ဘေးကင်းမှာ ဖြစ်ပါတယ်။ 
ပြည်သူလူထုရဲ့   ထက်သန်တဲ့   စိတ်ဆန္ဒနဲ့ ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသကို အေးချမ်းလုံခြုံအောင် ဥစ္စာရင်လို ဥစ္စာရင်ခဲဆိုသလို အကြမ်းဖက်သမားတွေ မရှိအောင် ပြတ်ပြတ်သားသား ဖော်ထုတ်ချေမှုန်း ကြဖို့ လိုအပ်နေပါပြီ။ ကြာလေလေ ခြိမ်းခြောက် ဒုက္ခပေးလေမို့ အမြစ်ဖြတ်ကြဖို့လိုပါတယ်။ 
မိမိတို့ ဆက်လက်အသက်ရှင်သန်ဖို့ဆိုတာ မိမိတို့ရပ်ရွာ၊ မိမိတို့ဒေသမှာ ကျရောက်လာနိုင်တဲ့ ကူးစက်မြန် ကိုဗစ်-၁၉  ရောဂါကို ကာကွယ်ထိန်းချုပ် ရေး    ကျန်းမာရေးစည်းကမ်းချက်တွေနဲ့အညီ ကာကွယ်ရသလို    လက်နက်ကိုင်အကြမ်းဖက်၊ သတ်ဖြတ်၊ ဗုံးခွဲအနိုင်ကျင့်နေတဲ့ NUG ၊ PDF စတဲ့ ဘာဘာညာညာ အဓမ္မရန်သူတွေကိုလည်း အမြန် ဆုံး ဖော်ထုတ်ရှင်းလင်းမှ အေးချမ်းပါလိမ့်မယ်။ 


ဖော်ထုတ်ချေမှုန်းကြမှသာ


ဘယ်လိုပဲ ခြိမ်းခြောက်ပါစေ၊   ကြောက်ရွံ့ ရှောင်လွှဲနေလို့ မပြီးပါဘူး။ သည်းခံနောက်ဆုတ် လေလေ ပိုမိုဆိုးရွားအနိုင်ကျင့်လေဖြစ်ပါလိမ့်မယ်။ ရဲရဲဝံ့ဝံ့ စုပေါင်းညီညာဆန့်ကျင်ပါ။ ရပ်ရွာကာကွယ် ရေးကို တာဝန်ယူနေကြတဲ့ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့အတူ   လက်တွဲပြီး အကြမ်းဖက်သမား မှန်သမျှကို ဖော်ထုတ်ချေမှုန်းကြမှသာ ပြည်သူတွေ ဘေးရန်ကင်းကွာ အေးချမ်းပါလိမ့်မယ်။ 
လူငယ်တွေအားလုံးက အပြုသဘောစိတ်ထား နဲ့     နိုင်ငံကိုတည်ဆောက်မယ်ဆိုရင်   မိမိ ပတ်ဝန်းကျင်၊ မိမိရပ်ရွာ၊ မိမိရပ်ကွက်ကို အရင်ဆုံး ဦးစွာပထမ စုပေါင်းညီညာလုံခြုံအောင် ကာကွယ် ရမှာ၊ ပါဝင်လှုပ်ရှားကြရမှာ ဖြစ်ပါတယ်။ အမြော် အမြင်ရှိတဲ့ လူငယ်များရဲ့   လက်ထဲမှာပဲ လှပတဲ့ နိုင်ငံတော်ရဲ့ အနာဂတ်က ရှိနေပါတယ်။  
အသိဉာဏ်နည်းပါး၊   အမြော်အမြင်မရှိဘဲ နွားရူးဆူးတိုး မိုက်ရိုင်းရမ်းကား၊ သတ်ဖြတ်၊ ဗုံးခွဲ၊ အကြမ်းဖက်သမားလူငယ်အနည်းစုရဲ့ လက်ထဲမှာပဲ နိုင်ငံနဲ့ ပြည်သူဟာ    ဘေးအန္တရာယ်အမျိုးမျိုး ကျရောက်ဖို့သာရှိပါတယ်။ 
“ဓမ္မနဲ့ အဓမ္မ ဘယ်သူနိုင်မှာလဲ။ 
 ပြည်သူကြိုက်ရာရွေးပါလေ။
 ကုသိုလ် နဲ့ အကုသိုလ် ဘာကြိုက်သလဲ။ 
 ပုညကုသလနဲ့ ပါပအကုသိုလ်
 (ဘုမသိ  ဘမသိ၊ ပုနဲ့ပတောင် မခွဲခြားတတ်တဲ့ 
 သူတွေ ဆိုးရွားရက်စက်နေတာလေ) 
 ပြည်သူတွေရွေးချယ်ဆုံးဖြတ်ရမှာပါ။


စိတ်ကောင်းနဲ့ စိတ်ယုတ်   ဘယ်ဘက်ကို အားပေးကူညီမှာလဲ။   ပြည်သူတွေ  အသိအမြင် ကြွယ်နေပါပြီ။ ခွဲခြားတတ်ပြီဆိုတာ အပြည့်အဝ ယုံကြည်ပါတယ်။ စိတ်ကောင်း၊ စေတနာကောင်း၊ စိတ်ဖြူ၊ နှုတ်ဖြူ၊ အလုပ်ဖြူတဲ့ လူငယ်တွေရဲ့ခေတ်မှာ တို့နိုင်ငံအလံတော်  တလူလူလွှင့်ကာ တိုးတက်ဖွံ့ဖြိုး လာဦးမှာပါ။      ။