
ကမ်ပါလာ နိုဝင်ဘာ ၉
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် လတ်တလောပြည်တွင်းတိုက်ပွဲများကြောင့် အနောက်တောင်ပိုင်းခရိုင် ကီဆိုရိုကိုဖြတ်ကျော်ကာ အိမ်နီးချင်း ယူဂန္ဓာနိုင်ငံသို့ ထွက်ပြေးလာသူ ဒုက္ခသည် ၅၀၀၀ ကျော်ရှိသည်ဟု သိရသည်။ တိုက်ပွဲများ ပြင်းထန် နေသည့်အတွက် ထွက်ပြေးလာသည့်အရေအတွက်မှာ ဒီထက်ပို၍ များပြားလာနိုင် သည်ဟုလည်း ကီဆိုရို ခရိုင် အာဏာပိုင်များက ပြောသည်။
စက်တင်ဘာ ၆ ရက် ညပိုင်းက ယူဂန္ဓာနိုင်ငံအတွင်းသို့ ထွက်ပြေးကြခြင်းဖြစ်သည်။ ဒုက္ခသည်များအတွက် ခိုလှုံရာနေရာ ဆေးဝါးနှင့် ရေများ လုံလောက်စွာမရှိဟုလည်း ထုတ်ပြန်ကြေညာခဲ့သည်။ ယူဂန္ဓာနိုင်ငံသည် ရဝမ်ဒါ၊ ဘူရွန်ဒီ၊ တောင်ဆူဒန်နှင့် ဆိုမာလီယာနိုင်ငံတို့မှ ဒုက္ခသည်ပေါင်း ၁ ဒသမ ၅သန်းကို အိမ်ရှင်အဖြစ်လက်ခံထားရသည်။ ဆင်ဟွာ