လုံခြုံစိတ်ချရမှုဆိုင်ရာပြဿနာကြောင့် တက်စ်လာကားကုမ္ပဏီ ကားစီးရေ ၄၇၀၀၀၀ ကို ပြန်လည်သိမ်းယူ

 

နယူးယောက် ဒီဇင်ဘာ ၃၁


အမေရိကန်      လျှပ်စစ်ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်သည့် တက်စ်လာကုမ္ပဏီသည် လုံခြုံစိတ်ချရမှုဆိုင်ရာပြဿနာကြောင့် ကား အစီးရေ  ၄၇၀၀၀၀   ကျော်ကို   ပြန်လည် သိမ်းယူခဲ့သည်ဟု သိရသည်။ 

 


ယခုတစ်ကြိမ်  ကားများကို   ပြန်လည် သိမ်းယူခြင်းမှာ ကုမ္ပဏီအတွက် ပမာဏအများ ဆုံးပင်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်ကလည်း တစ်ကမ္ဘာလုံးအနှံ့   အရောင်းတင်ထားသည့် ကားများကို       ပြန်လည်သိမ်းဆည်းမှုများ ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။

 


၂၀၁၄   ခုနှစ်  စက်တင်ဘာလနှင့်   ၂၀၂၀ ပြည့်နှစ်     ဒီဇင်ဘာလတို့တွင်   ထုတ်လုပ် ထားသည့် Model S ဆီဒင်ကားများနှင့် ၂၀၁၇ ဇူလိုင်လမှ  ၂၀၂၀ ပြည့်နှစ်   စက်တင်ဘာလ အထိ ထုတ်လုပ်ထားသည့်  Model 3 ကားများ ကို    ပြန်လည်သိမ်းယူခြင်းဖြစ်သည်ဟု     သိရ သည်။


အင်န်အိတ်ချ်ကေ