
ဝါရှင်တန် ဩဂုတ် ၂၂
အမေရိကန်ရီပက်ဗလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်သည် လွန်ခဲ့သည့်လအတွင်းလုပ်ကြံခံရမှုမှ လွတ်မြောက်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် အဖြစ် လဟာပြင်တွင် လူထုထောက်ခံပွဲ ပြန်လည် ပြုလုပ်ခဲ့သည်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် လုံခြုံရေးအကြောင်းပြချက်များကြောင့် အဆောက် အအုံအတွင်းမဟုတ်ဘဲ ဟင်းလင်းပြင်တွင် ပြုလုပ် သည့် ထောက်ခံပွဲများကို ဖျက်သိမ်းခဲ့ရသည်။ အဆောက်အအုံအတွင်းပြုလုပ်သည့်ပွဲများကိုသာဒေါ်နယ်ထရမ့် တက်ရောက်ခဲ့သည်။ သို့သော်လည်း ထရမ့်သည် ၎င်း၏ မဲဆွယ်စည်းရုံးမှုများကို လူများ များ တက်ရောက်နိုင်သည့် အဆောက်အအုံပြင်ပ ကွင်းပြင်များတွင်သာ ပြုလုပ်လိုသည်။
အထူးထောက်လှမ်းရေးဌာန၏ ခွင့်ပြုချက် ရရှိပြီးနောက် ထရမ့်သည် ဩဂုတ် ၂၁ ရက်က မြောက်ကာရိုလိုင်းနားပြည်နယ်၌ ကျင်းပသည့်ပွဲကို အဆောက်အအုံအတွင်းမဟုတ်ဘဲ ကွင်းပြင်တွင် ပြုလုပ်ခဲ့သည်။ ၎င်းသည် ကျည်ကာမှန်များ၏ အနောက်တွင်ရပ်ကာ မိန့်ခွန်းပြောကြားခဲ့သည်။ အနီးပတ်ဝန်းကျင်ရှိ အိမ်ခေါင်မိုးများပေါ်တွင် စနိုက်ပါသမားများ နေရာယူထားပြီး လုံခြုံရေးကိုလည်းတင်းကျပ်ခဲ့သည်။
ထရမ့်က လက်ရှိသမ္မတဂျိုးဘိုင်ဒင်အစိုးရ အဖွဲ့ကို ဝေဖန်ခဲ့သည်။ ထရမ့်သည် ယခုသီတင်းပတ် အတွင်း မဲဆွယ်စည်းရုံးရေး လှုပ်ရှားနေသည့် ပြည်နယ်များတွင် နေ့စဉ်လူထုစုဝေးပွဲများ ကျင်းပ လျက်ရှိသည်။
အင်န်အိတ်ချ်ကေ