လုပ်ကြံသတ်ဖြတ်မှုမှ ဆူဒန်ဝန်ကြီးချုပ် အသက်ရှင်လွတ်မြောက်

Image not available
ခါတွန်     မတ်      ၉
 
ဆူဒန်နိုင်ငံ၏ မြို့တော်ခါတွန်မြို့တွင် ဝန်ကြီးချုပ်အဗ်ဒါလာဟမ်ဒေါ့ခ် အား   လုပ်ကြံသတ်ဖြတ်မှု ယနေ့ဖြစ်ပွားခဲ့ရာ ဝန်ကြီးချုပ် အသက်ဘေး မှ   လွတ်မြောက်သွားကြောင်း ၎င်း၏ထိပ်တန်းလက်ထောက်တစ်ဦးက ပြောကြားသည်။
 
ဝန်ကြီးချုပ်အဗ်ဒါလာဟမ်ဒေါ့ခ်သည် ၎င်း၏ မော်တော်ယာဉ်ဖြင့် သွားနေစဉ်   ယင်းမော်တော်ယာဉ်ကို     ပစ်မှတ်ထားတိုက်ခိုက်သည့် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း၊    သို့သော်    ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်    အဆိုပါပေါက်ကွဲမှုတွင်   ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ဦးမျှမရှိကြောင်း    ဝန်ကြီးချုပ်ရုံး၏     ညွှန်ကြားရေးမှူး အာလီဘာခစ်က ပြောကြားသည်။
 
ဝန်ကြီးချုပ် အဗ်ဒါလာဟမ်ဒေါ့ခ်သည် ၎င်းအားလုပ်ကြံသတ်ဖြတ် ရန် လျှို့ဝှက်ကြံစည်သည့် တိုက်ခိုက်မှုတစ်ခုမှ အသက်ရှင်လွတ်မြောက် သွားသည်ဟု    အစိုးရအဖွဲ့မှ   တာဝန်ရှိသူတစ်ဦးက    အေအက်ဖ်ပီ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။
 
မြို့တော်ခါတွန်၏    အရှေ့မြောက်ဘက်   ကိုဘာရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါပေါက်ကွဲမှုနေရာတွင် ပေါက်ကွဲမှုကြောင့် ထိခိုက် ပျက်စီးသွားသည့်  မော်တော်ယာဉ်နှစ်စင်း၏  ရုပ်ပုံများကို   နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသထားသည်။
 
တိုက်ခိုက်ရေးသမားများက ဝန်ကြီးချုပ်ဟမ်ဒေါ့ခ်၏ ယာဉ်တန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော်လည်း ဝန်ကြီးချုပ်သည် လောလောဆယ် ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး တာဝန်ရှိသူများက လုံခြုံသောနေရာ တစ်ခုသို့   ပို့ဆောင်ထားကြောင်း၊   တိုက်ခိုက်မှုဖြစ်ပွားသည့်နေရာကို လည်း   ဒေသဆိုင်ရာရဲတပ်ဖွဲ့က   ချက်ချင်းဝိုင်းရံ ပိတ်ဆို့ထားကြောင်း နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနက ကြေညာသည်။
 
တစ်ချိန်တည်းမှာပင်    နိုင်ငံပိုင်ရေဒီယိုအသံလွှင့်ဌာနတစ်ခု ဖြစ်သည့်    အွမ်ဒူရ်မန်က   တိုက်ခိုက်ရေးသမားများသည်   အဆိုပါ တိုက်ခိုက်မှုတွင် အော်တိုမက်တစ်လက်နက်များကိုလည်းအသုံးပြုခဲ့ပြီး တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးချုပ် ဟမ်ဒေါ့ခ်ကို  ဆေးရုံတစ်ရုံ သို့ ပို့ဆောင်ထားသည်ဟု ကြေညာသည်။
 
ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-ဂျေတီ